ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်

ရန်ကုန် အောက်တိုဘာ ၁၉

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့အကြို(အဖိတ်နေ့) ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ယနေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပ သည်။

ဆီမီးပူဇော်ပွဲတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများက အများပြည်သူများ လှူဒါန်းထားသည့် ဆီမီး ၁၁၀၀၀ ကို ရွှေတိဂုံစေတီတော် ရင်ပြင်ပတ်ပတ်လည်ရှိဆီမီးခုံများ၌ ထွန်းညှိပူဇော်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။

ဇော်မင်းလတ်(MNA)