မန်ယူအသင်းပရိသတ်များက အသင်းရလဒ်မတည်ငြိမ်မှုများအတွက် လီဗာပူးအသင်းနှင့်ပွဲစဉ်၌ ဆန္ဒပြမှုများပြုလုပ်ရန်စီစဉ်ထား

မန်ယူအသင်းပရိသတ်များက အသင်းရလဒ်မတည်ငြိမ်မှုများအတွက် လီဗာပူးအသင်းနှင့်ပွဲစဉ်၌ ဆန္ဒပြမှုများပြုလုပ်ရန်စီစဉ်ထား

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းပရိသတ်များသည် အသင်းရလဒ်ပိုင်းမတည်ငြိမ်မှုများအတွက် လာမည့်လီဗာပူးအသင်းနှင့်ပွဲစဉ်တွင် ကွင်းအပြင်၌ သာမက ကွင်းအတွင်း ပွဲချိန်များတွင်ပါ နည်းပြဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ရေး ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်မေလအတွင်းက   မန်ယူအသင်းနှင့်လီဗာပူးအသင်းတို့ ကစားသည့်ပွဲစဉ်မတိုင်မီကလည်း အသင်းပရိသတ်များက ကွင်း အပြင်၌ ဆန္ဒပြမှုများပြုလုပ်သည်သာမက ပွဲကစားရန် နာရီပိုင်းအလိုတွင် ကွင်းအတွင်းဝင်ရောက်ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သောကြောင့် အဆိုပါပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။

အဆိုပါ ပထမအကြိမ်ဆန္ဒပြမှုမှာ အသင်းပိုင်ရှင် ဂလေဇာက ဥရောပစူပါလိဂ်ပြိုင်ပွဲတည်ထောင်ရန် ကြိုးပမ်းနေသည့်အတွက်   အသင်းပရိသတ်များ ကျေနပ်မှုမရှိသောကြောင့်  ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင် နည်းပြ ဆိုးလ်ရှား ၏ နည်းစနစ်များနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိသဖြင့်   ထုတ်ပယ်ပေးရန်အတွက် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ရန်  စီစဉ်နေခြင်း ဖြစ်သည်။

မန်ယူအသင်းအနေဖြင့် နောက်ဆုံးကစားခဲ့သည့် ခုနစ်ပွဲတွင် နှစ်ပွဲသာအနိုင်ရရှိခဲ့ကာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း  သုံးပွဲဆက်  နိုင်ပွဲပျောက်ဆုံးခဲ့ပြီး လက်စတာအသင်းနှင့်ပွဲစဉ်တွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သဖြင့် အသင်းပရိသတ်များက နည်းပြဆိုးလ်ရှား၏ နည်းစနစ် ပိုင်းအပေါ် ယုံကြည်မှုမရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။         

Ref;Goal.com