ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်
၁။လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။
(ခ)လျှောက်ထားသူသည် ၁-၁-၂ဝ၂၂ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။
(ဂ)တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။
(ဃ)မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။
(င)အနည်းဆုံး အရပ်(၅)ပေ (၂)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ)ထက်မနည်းရ၊ ပေါင်(၁၄ဝ)ထက်မကျော်ရ။
၂။ လျှောက်လွှာများအား နီးစပ်ရာ တပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ၊ Myawady Webportal www.myawady.net.mm/Sgt(male) တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၉-၁ဝ-၂ဝ၂၁ ရက်နေ့မှ ၂၃-၁၁-၂ဝ၂၁ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-
(က)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
(ခ)တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။
(ဂ)အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့်နေ့ မတိုင်မီ တစ်လအတွင်းရရှိသည့်ထောက်ခံစာ(မူရင်း)။
(ဃ)တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ။
(င)အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။
(စ)မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်း ထောက်ခံချက်။
၃။သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စစ်ဌာနချုပ်များ အစီအစဉ်ဖြင့် တပ်မတော်(ကြည်း)၊ အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ ပို့ဆောင်ပေးမည်။၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။
၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာတို့ အပြင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာ ဒီပလိုမာ Dip,C.S(Diploma in Computer Studies) ချီးမြှင့်ပေးမည်။
၅။ သင်တန်းကာလ (၂)နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ်လစာ(၁၄၄ဝဝဝ) ကျပ်ကိုလည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ သတ်မှတ်ထားသော တပ်သားအခြေခံ လစာ(၁၅ဝဝဝဝ)ကျပ်ကို လည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) [အခြေခံ
လစာ(၂ဝ၄ဝဝဝ)ကျပ်၊ အရည်အချင်း လစာ(၄ဝဝဝ)ကျပ်၊ M.H.R.A (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း(၂၁၈ဝဝဝ)ကျပ် ရရှိမည်။]
၆။ လုပ်သက် ၂ နှစ်ပြည့်သည့်အခါ အဆင့်/အတန်း တိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ယှဉ်တွဲဖော်ပြပါလစာ၊ စရိတ်များ ရရှိမည်-
အဆင့်အတန်း အခြေခံ အရည်အချင်း M.H.R.A ပေါင်း
လစာ လစာ
(က) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း) ၂ဝ၄ဝဝဝ ၆ဝဝဝ ၁ဝဝဝဝ ၂၂ဝဝဝဝ
(ခ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ပထမတန်း) ၂ဝ၄ဝဝဝ ၈ဝဝဝ ၁ဝဝဝဝ ၂၂၂ဝဝဝ
(ဂ) ဒုတိယအရာခံဗိုလ် (စာရေး/ကွန်ပျူတာ) ၂၄ဝဝဝဝ ၈ဝဝဝ ၁ဝဝဝဝ ၂၅၈ဝဝဝ
(ဃ)အရာခံဗိုလ် (စာရေး/ကွန်ပျူတာ) ၂၅၈ဝဝဝ ၈ဝဝဝ ၁ဝဝဝဝ ၂၇၆ဝဝဝ
မှတ်ချက်။ နှစ်တိုးလစာကို ၂ နှစ်လျှင်(၂ဝဝဝ)ကျပ်နှုန်းဖြင့် (၁ဝဝဝဝ)ကျပ်အထိ ခံစားခွင့်ရှိသည်။
၇။ တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာဖြေဆိုနိုင်သည်။
၈။ ဘွဲ့ရရှိသူတပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်မှုထမ်းသက် ၆ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း၊ ဘွဲ့မရသေးသူများသည် စစ်မှုထမ်းသက် ၈ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း ဗိုလ်လောင်းသင်တန်းသို့ လျှောက်ထားနိုင်သည်။
၉။ ထို့အပြင် ဘွဲ့ရရှိသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်သံစစ်မှုထမ်းစာရေးအဖြစ် စိစစ်ရွေးချယ် ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးများတွင် မိသားစုနှင့်အတူသွားရောက်၍ အမှုထမ်းဆောင် နိုင်ခွင့်ရှိသည်။
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။