မန်ယူအသင်းက အနာဂတ် မရေမရာဖြစ်နေသည့် နည်းပြ ဆိုးလ်ရှားနေရာတွင် ကွန်တီနှင့် ဇီဒန်းတို့မှ တစ်ဦးကို ခန့်အပ်ရန် ချိတ်ဆက်မှုများ ပြုလုပ်နေ

မန်ယူအသင်းက အနာဂတ် မရေမရာဖြစ်နေသည့် နည်းပြ ဆိုးလ်ရှားနေရာတွင် ကွန်တီနှင့် ဇီဒန်းတို့မှ တစ်ဦးကို ခန့်အပ်ရန် ချိတ်ဆက်မှုများ ပြုလုပ်နေ

မန်ယူအသင်း တာဝန်ရှိသူများက    နည်းပြဆိုးလ်ရှားကို အစောပိုင်းက အပြည့်အဝထောက်ခံမှုများ ပေးထားသော်လည်း လာမည့်ပွဲစဉ်များတွင် ရလဒ်များ ထပ်မံဆိုးရွားမည်ဆိုပါက အသင်းပရိသတ်များ၏ ဖိအားပေးမှုများ ရှိနေသည့်အတွက် နည်းပြအပြောင်း အလဲပြုလုပ်ရန် ပြင်ဆင်နေပြီး လက်ရှိတွင် ကွန်တီနှင့် ဇီဒန်းတို့မှ တစ်ဦးကို ခန့်အပ်ရန် ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းသည် နောက်ဆုံးကစားသည့် ကိုးပွဲ တွင် နှစ်ပွဲသာအနိုင်ရရှိပြီး သုံးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့သည့်အတွက်   အသင်းပရိသတ်များက   နည်းပြ ဆိုးလ်ရှား၏ နည်းစနစ်များကို ဝေဖန်မှုများ ပြုလုပ်ကာ နည်းပြဆိုးလ်ရှားကို ရာထူးမှ ထုတ်ပယ်ရန် ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်ပြီးနောက် နည်းပြဆိုးလ်ရှား၏ အသင်းနည်းပြနေရာမှာ   ပိုမိုလှုပ်ခတ်လာခဲ့ခြင်းဖြစ် သည်။

မန်ယူအသင်းက နည်းပြအပြောင်းအလဲ ပြုလုပ်ရန် အစောပိုင်းက အစီအစဉ် မရှိသော်လည်း လာမည့် ပွဲစဉ်များတွင် လီဗာပူး၊ စပါး၊ မန်စီးတီး စသည့်အသင်း များနှင့် ကစားရမည်ဖြစ်သည့်အတွက်   အဆိုပါပွဲစဉ် များ၌ ရလဒ်ဆိုးရွားနေပါက ပရိသတ်များ၏ဖိအား ကြောင့်  နည်းပြအပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင် ခြင်းဖြစ်သည်။

နည်းပြဇီဒန်းက     နယူးကာဆယ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သော်လည်း မန်ယူအသင်းမှ ကမ်းလှမ်းမှုပြုလုပ်ပါက မန်ယူအသင်းတွင် ထိပ်တန်း ကစားသမားများရှိနေ၍  မန်ယူအသင်း နည်းပြရာထူး အတွက် လက်ခံဖွယ်ရှိနေသည်။

ကမ္ဘာ့ထိပ်တန်း သတင်းထောက် တစ်ဦးဖြစ်သည့်   ဖာဘရီဇီယိုရိုမန်နိုက ''မန်ယူအသင်းက လက်ရှိမှာ ဇီဒန်းကို တရားဝင် ဆက်သွယ်မှုမလုပ်ဘူး ဆိုပေမယ့် မကြာခင်တော့ ပြုလုပ်လာပါလိမ့်မယ်။ အရင်က မန်ယူ အသင်းရာထူးအတွက် ကျွန်တော် မှတ်ချက်မပေးခဲ့ ပေမယ့် ဇီဒန်းကလည်း မန်ယူအသင်းက ကမ်းလှမ်း လာခဲ့မယ်ဆိုရင် သူ့ဘက်က လက်ခံဖို့အသင့် ဖြစ်နေပါတယ်။   သူ့ဘက်ကလည်း   မန်ယူအသင်းနည်းပြ ရာထူးအတွက်  စိတ်ဝင်စားနေတာ အမှန်ပါပဲ''  ဟု ပြောသည်။

အလားတူ  အင်တာမီလန် အသင်းနှင့်  လမ်းခွဲပြီး နောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ကွန်တီ သည်လည်း  နယူးကာဆယ်အသင်း၏ ကမ်းလှမ်းမှုများကို ငြင်းဆန်ထားသူ တစ်ဦးဖြစ်ပြီး မန်ယူအသင်းကသာ   ကမ်းလှမ်းလာမည် ဆိုပါက လက်ခံဖွယ်ရှိပြီး မန်ယူအသင်း နည်းပြသစ်ရာထူးအတွက်  စောင့်ဆိုင်းလျက်ရှိသည်။

လက်ရှိတွင် မန်ယူအသင်းက အဆိုပါ နည်းပြနှစ်ဦး အနက် နည်းပြဇီဒန်းကို အသင်းမှ တိုက်စစ်မှူးစီရော် နယ်ဒို၏ အဆက်အသွယ်ဖြင့် မကြာမီ ကမ်းလှမ်းမှုများ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။