သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့အဖြစ် နန်းမြို့ဆုတောင်းပြည့်ဘုရား၌ ဆီမီး ၅၀၀၀ ကပ်လှူပူဇော်
နေပြည်တော်၊ အောက်တိုဘာ - ၂၁
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့အဖြစ် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၏ ဆီမီး ၅၀၀၀ ကပ်လှူပူဇော်ခြင်းနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ နန်းမြို့အတွင်းရှိ နန်းမြို့ ဆုတောင်းပြည့်ဘုရား၌ ပြုလုပ်သည်။
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ဆုတောင်းပြည့်ဘုရားဝန်းအတွင်း၌ ဆီမီး ၅၀၀၀ ကို ကပ်လှူထွန်းညှိပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆီမီးပူဇော်နေမှုများအား လိုက်လံကြည့်ရှု၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။