တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ အောက်တိုဘာ - ၂၁    
    
မြန်မာတို့၏ ၁၂ လရာသီပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် သီတင်း ကျွတ်ပွဲတော်အခါသမယတွင် တာဝတိံသာနတ်ပြည်တွင် တစ်ဝါတွင်းလုံး အဘိဓမ္မာ တရားဟောကြားပြီး လူ့ပြည်သို့ပြန်လည်ဆင်းသက်လာသည့် မြတ်စွာဘုရားအား ရည် မှန်း၍ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ အဘိဓမ္မာအခါတော်သဘင်များဆင်နွှဲခြင်း၊ ဝါကျွတ်ပူဇော်ကန်တော့ခြင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုခြင်းများ ပြုလုပ်လျက်ရှိကြသည်။
    
သီတင်းကျွတ်ပွဲတော် အခါသမယဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့နှင့် ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုး ကြီးဘုရား စေတီများ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာမုနိရုပ်ရှင်တော် မြတ်ကြီး၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တော်တို့၌လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ မဟာ အံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၊ ကျောက်ဆည်မြို့ရှိ မဟာ ရွှေသိမ်တော် ဘုရား၊ ပုဂံရှေ့ဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိဘုရားများနှင့် မကွေးတိုင်းဒေသ ကြီး၊ မကွေးမြို့ရှိ မြသလွန်ဘုရားများ၌ လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ခေမာရဌရပ်တော်မူဘုရားကြီး၊ မဟာမြတ်မုနိဘုရားကြီးနှင့် စေတီပုထိုး များ၌လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကနန္ဒာစေတီတော် မြတ်ကြီး၊ လက်ဝဲသလုံးတော်ဓာတ်စေတီနှင့် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရား တို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရားစေတီပုထိုးများ၌ သံဃာတော် များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူ များက ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ဖူးမြော်ကြည်ညိုခြင်း၊ ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ခြင်းများဖြင့် ကုသိုလ်ယူခဲ့ကြသည်။
    
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီး ဉယျာဉ်နှင့် ပိတ်ချင်းမြောင်မဟာနန္ဒာ လှိုဏ်ဂူတော်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများ၊ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အပန်းဖြေဉယျာဉ်များ၊ ပန်းခြံများ၊ တိရိစ္ဆာန်ဉယျာဉ်များ၌လည်း လာရောက်အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။