သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ ဘိုးဘွားကန်တော့ပွဲပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၁
သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရတနာသီရိ ခန်းမ၌ ပြုလုပ်ရာ ကန်တော့ခံအဘိုးအဘွားများ၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပူဇော်ကန်တော့ခံ အဘိုးအဘွား များအား ပူဇော်ကန်တော့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပူဇော်ကန် တော့ခံ အဘိုးအဘွား ၂၄ ဦးအား အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပြီး သက်ကြီးဘိုးဘွားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကျွေးမွေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ယင်းနောက် ကန်တော့ခံအဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင် စကားများနှင့် ဆုပေးစကားများပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။