မော်လမြိုင်တပ်နယ၏(သတ္တမအကြိမ်) အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ ပြုလုပ်

မော်လမြိုင်တပ်နယ၏(သတ္တမအကြိမ်) အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၁
    
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်၏(သတ္တမအကြိမ်) အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သန္တိသုခဓမ္မာရုံ၌ပြုလုပ်ရာ မော်လမြိုင်မြို့၊ ကော့ခနိရွှေကျောင်းတိုက် ပဓာန နာယက ဆရာတော် မြို့နယ်သံဃာ့ဝန်ဆောင် ဘဒ္ဒန္တသုမန အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့၊ ကော့ခနိ ရွှေကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သံဃာတော်များက ပရိတ်တရားတော်များနှင့် ပဋ္ဌာန်းပစ္စယနိဒ္ဒေသများ ရွတ်ပွားချီးမြှင့် တော်မူကြသည်။ 
    
ဆက်လက်၍ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက  မော်လမြိုင်မြို့၊ ကော့ခနိရွှေကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။