တရားမဝင်သစ်များ ဖမ်းဆီးရမိ

တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၂၅

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  သစ်တောဦးစီး ဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့်  လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်(Com-munity Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်အထိ နေပြည်တော် ကောင်စီနယ်မြေ တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၇၅ ဒသမ ၉၇၇၇ တန်၊ သစ်မာ ၁ဝ ဒသမ ၃၇၅၇ တန်၊ အခြား ၂၉ ဒသမ ၆၄၇၇ တန်  စုစုပေါင်း ၁၁၆ ဒသမ ဝဝ၁၁ တန်၊   တရားခံ ၄၅ ဦး၊ ယာဉ်/ယန္တရား  ၁၈ စီး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိမှုများအနက်   အများဆုံး ဖမ်းဆီးရမိမှုမှာ အောက်တိုဘာ ၁၅ ရက်တွင် ရှမ်းပြည်နယ်  လွိုင်လင်ခရိုင်  လွိုင်လင်မြို့နယ်  နမ့်စန်ဘိနယ်  နမ့်တိန်းချောင်းအနီးမှ တရားမဝင် ကျွန်းသစ်/ခွဲသား ၉၁၇ လုံး/ချောင်း ၁၇ ဒသမ ၅၃၄၂ တန်၊ လုံးပတ် ၃ ပေအောက် ကျွန်းသစ် ၃၄ လုံး ၂ ဒသမ ၅၈ဝဝ တန်တို့အား  ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။