ယနေ့ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၈၈၄ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၇၉၉ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ ၂၃ ရာခိုင်နှုန်းရှိ

ယနေ့ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၈၈၄ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၇၉၉ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ ၂၃ ရာခိုင်နှုန်းရှိ

နေပြည်တော် အောက်တိုဘာ  ၂၈

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ   ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ၂၇-၁ဝ-၂ဝ၂၁ ရက် ည ၈ နာရီမှ ၂၈-၁ဝ-၂ဝ၂၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၈၈၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၇၉၉ ဦး တွေ့ရှိရပါသည်။   ထို့ကြောင့်   ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၄ ဒသမ ၂၃ ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၈၁ဝ၇၃၁ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၄၉၇၇ဝဝ ဦးရှိပြီဖြစ်ပါသည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့် ရရှိသူ ၁၄၆၆ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၆၃၃၄၉ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၉ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၆၂၂ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။