COVID-19 ပိုးတွေ့လူနာ ၂၆၃ ဦးထပ်တိုး ၁၂ ဦး ထပ်မံသေဆုံး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ညနေ ၃ နာရီခွဲနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု နှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ပိုးတွေ့လူနာ ၂၆၃ ဦးနှင့် သေဆုံးသူ ၁၂ ဦးထပ်တိုးလာကြောင်း  သိရသည်။ အဆိုပါထုတ်ပြန်ချက်များတွင် (၁၃-၉-၂၀၂၀) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)(NHL) မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၄၄၁ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ၂၈၇ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၅ ခု၊နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ဒုတိယအသုတ်၂၈ ခုနှင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး  ခုတင်-၁၀၀၀ မှ  ဓာတ်ခွဲနမူနာ ၄၇၃ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၂၂၄၄ ခုတို့အားထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၈၃ ဦးတွေ့ရှိသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက်(၇၅) နှစ် အရွယ် သွေးတိုးရောဂါအခံရှိပြီး လေဖြတ်ရောဂါ ရှစ်နှစ်ကြာခံစားနေရသူအမျိုးသား(case-2463) သည် ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်ခြင်း၊ ရုတ်တရက် ဦးနှောက်သွေးကြောပိတ်၍ ထပ်မံလေဖြတ်ခြင်းရောဂါဖြင့် ၁၃-၉-၂၀၂၀ ရက် ည ၆ နာရီတွင် သေဆုံးသွားသည်။

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၆၉) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူ အမျိုးသမီး (case-2324) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် ၁၁-၉-၂၀၂၀ ရက် နံနက် ၆ နာရီတွင် သေဆုံးသွားသည်။

COVID-19 ကုသရေးဌာန(ဖောင်ကြီး)တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၅၁)နှစ် အရွယ် အသည်းရောင်အသားဝါ(စီ) ပိုးရောဂါအခံရှိသူ အမျိုးသား(case-1997)သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ အသည်းခြောက် ရောဂါကြောင့် သွေးအန်ခြင်း၊ အသည်းနှင့်ကျောက်ကပ် ပျက်စီးခြင်းဖြင့် ၁၃-၉-၂၀၂၀ရက် နံနက် ၁၁ နာရီ ၃၄ မိနစ်တွင် သေဆုံးသွားသည်။ COVID-19 ကုသရေးဌာန(ဖောင်ကြီး)တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက်(၇၆)နှစ် အရွယ်ဆီးချို၊ သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး(case-2161)သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ရုတ်တရက်လေဖြတ်ခြင်းရောဂါဖြင့် ၁၁-၉၂၀၂၀ ရက် နံနက် ၆ နာရီ ၅ မိနစ်တွင်သေဆုံးသွားသည်။

၁၃-၉-၂၀၂၀ ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဓာတ်ခွဲနမူနာ ၁၉၉၇ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၃၀၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၆၅၉ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှဓာတ်ခွဲနမူနာ ၄၇ ခု၊ ပြည်သူ့ ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၁ ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၉ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၅ ခု၊ ပြည်သူ့ဆေးရုံကြီးမူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ၂၂ ခု၊ ပြည်သူ့ဆေးရုံကြီး  တောင်ငူမြို့မှ  ဓာတ်ခွဲနမူနာငါးခု၊ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှဓာတ်ခွဲနမူနာ ၄၇၃ ခုနှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၉ ခု စုစုပေါင်း၃၆၃၅ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်၂၁၉ ဦးတွေ့ရှိသည်။ (ဓာတ်ခွဲအတည်ပြုလူနာ ၁၃၆ ဦးတွေ့ရှိကြောင်းကို ၁၃-၉-၂၀၂၀ ရက် ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။

ယမန်နေ့ ၁၃-၉-၂၀၂၀ ရက် ဃဥဠှီု-၁၉ ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှု အခြေအနေများကို ဖော်ပြအပ်ပါသည်။ မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသော အသက်(၇၀)နှစ်အရွယ် သွေးတိုး ရောဂါ အခံရှိသူ အမျိုးသား (case-2504)သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း ရောဂါဖြင့် ၁၃-၉-၂၀၂၀ ရက် ညနေ ၄ နာရီတွင် သေဆုံးသွားသည်။

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၂)အရွယ် ဆီးချိုရောဂါ၊ သွေးတိုးနှင့်နှလုံးသွေးကြောကျဉ်းရောဂါ အခံရှိသူ အမျိုးသား (case-1987) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းရောဂါဖြင့် ၁၄-၉-၂၀၂၀ ရက် နံနက်၆ နာရီ ၃၆ မိနစ်တွင် သေဆုံး သွားသည်။

(၁၄-၉-၂၀၂၀) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင်   အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၁၀၁၁ ခု၊    ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ပထမအသုတ် ၂၈၄ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၅၁၂ ခု၊ ပြည်သူ့ ဆေးရုံကြီး မော်လမြိုင်မြို့မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၅၀ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၉၉ ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာလေးခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာခြောက်ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ ဆေးရုံကြီး ထားဝယ်မြို့မှဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှဓာတ်ခွဲနမူနာ ရှစ်ခုနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၈ ခု စုစုပေါင်း ၂၂၁၄ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၈၀ ဦးတွေ့ရှိရသည်။

(၁၄-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာ ၃၁၉၅ ဦးရှိပြီဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း ၇၉၀ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော  အသက်(၅၉) နှစ်အရွယ် ဆီးချို၊ သွေးတိုးနှင့် ကျောက်ကပ်ရောဂါအခံရှိသူ အမျိုးသမီး (case-2848) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၁-၉-၂၀၂၀)ရက် ည ၆ နာရီ မိနစ် ၂၀ တွင် သေဆုံးသွားသည်။

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက်(၆၆)နှစ်အရွယ်   ပန်းနာရင်ကျပ်ရောဂါ၊ သွေးတိုးရောဂါနှင့် အသည်းရောင်အသားဝါ(စီ) ရောဂါပိုးအခံရှိသူ အမျိုးသား(case-2878) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၂-၉-၂၀၂၀)ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် သေဆုံး သွားသည်။

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင်   တက်ရောက်ကုသမှုခံယူခဲ့သော အသက်(၈၄)နှစ်အရွယ် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့်  ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး(case-2828) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၂-၉-၂၀၂၀)ရက် မွန်းလွဲ ၂ နာရီတွင် သေဆုံးသွားသည်။

COVID-19 ကုသရေးဌာန(ဖောင်ကြီး)တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၆၇)နှစ်အရွယ် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား(case-2308)သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀)ရက် နံနက် ၁၁ နာရီတွင် သေဆုံးသွားသည်။

တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသော အသက် (၅၀)နှစ်အရွယ် ဆီးချို၊ နှလုံးနှင့် သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး (case-1351)သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀)ရက် နံနက် ၁၀ နာရီ ၈ မိနစ်တွင် သေဆုံးသွားသည်။

မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသော အသက်(၈၀)နှစ်အရွယ် နှလုံးသွေးကြောကျဉ်း ရောဂါအခံရှိသူ အမျိုးသား (case-2874)သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀)ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ တွင် သေဆုံး သွားသည်။

ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက်  သေဆုံးသူပေါင်း ၃၂ ဦးရှိပြီဖြစ်သည်။ (၁၃-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီမှ (၁၄-၉-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၂၁၀ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။