ပုသိမ်တပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ပုသိမ်တပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

နေပြည်တော်၊ နိုဝင်ဘာ - ၁၀
    
အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်သည်။
    
ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက ကလေးငယ် ၁၃၂ ဦးကို ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ၅ မျိုးစပ်ရောဂါကာကွယ်ဆေးနှင့် BCG ရောဂါကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။