ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ် ၄၆ /၂၀၂၁
၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ အား အောက်ပါအတိုင်း ပြင်ဆင်လိုက်သည်-
“အပိုဒ် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန်အမှန်တကယ်တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထားများ အရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ သုံးလအတွင်း ပို့ကုန်တင်ပို့သူ များက ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ မရှိ ကို စိစစ်ရမည်။”
သန်းညိန်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
--------------------။--------------------
စာအမှတ်၊ မဗဘ-၁/၁၁၁(အမိန့်)(၄၁၃ /၂၀၂၁)
ရက်စွဲ ၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်