နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဘရူနိုင်းဒါရုဆလမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ သီးသန့်ရုပ်သံ အစည်းအဝေးနှင့် ဆက်စပ်ရုပ်သံ အစည်းအဝေးများသို့ တက်ရောက်

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဘရူနိုင်းဒါရုဆလမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ သီးသန့်ရုပ်သံ အစည်းအဝေးနှင့် ဆက်စပ်ရုပ်သံ အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁ဝ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်၍ နိုင်ငံတကာရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်နိုင်ဝင်းနှင့်  တာဝန်ရှိသူများသည်  ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်တွင်  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ  ဘရူနိုင်းဒါရုဆလမ် နိုင်ငံက  ဦးစီးကျင်းပသည့်  အာဆီယံကာကွယ်ရေး ဝန်ကြီးများ သီးသန့်ရုပ်သံ အစည်းအဝေး(ADMM Retreat) နှင့်   ဆက်စပ်အစည်းအဝေးများ ဖြစ်သည့်   အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောရုပ်သံ အစည်းအဝေး၊ အာဆီယံ-သြစတြေးလျ   ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးများသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

အာဆီယံကာကွယ်ရေး ဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယ ကာကွယ်ရေး ဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများက ''ကိုဗစ်-၁၉ ကပ်ရောဂါ   ဖြစ်ပွားမှုကာလအတွင်း ပေါ်ပေါက်လာနေသော ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ADMM ၏ အနာဂတ် ဦးစားပေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ''နှင့် စပ်လျဉ်း၍ နိုင်ငံအလိုက်  အမြင်သဘောထားများအား ဆွေးနွေးဖလှယ် ခဲ့ကြသည်။

ထို့ပြင် အာဆီယံ-ကိုရီးယား ကာကွယ် ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးနှင့် အာဆီယံ-သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးများတွင်လည်း အာဆီယံနိုင်ငံများနှင့် ၎င်းနိုင်ငံတို့အကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကာကွယ် ရေးဝန်ကြီးများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ရုပ်သံအစည်းအဝေးများ အပြီးတွင် ၂ဝ၂၁ ခုနှစ်အတွက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ   ကာကွယ်ရေးဝန်ကြီး   (၂) The Honorable PEHIN DATU LAILARAJA MAJOR GENERAL (RETIRED) DATO PADUKA SERI HAJI AWANG HALBI BIN HAJI MD YUSSOF မှ ၂ဝ၂၂ ခုနှစ်အတွက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး GENERAL TEA BANH ထံသို့ ဥက္ကဋ္ဌတာဝန် နှင့် အထိမ်းအမှတ် ပစ္စည်းများ လွှဲပြောင်း ပေးအပ်ခဲ့သည်။