ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၂၈၈၁၉ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၁၈ဝ ဦးတွေ့ရှိ ၊ ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ ဝ၉ ရာခိုင်နှုန်းရှိ
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ၉-၁၁-၂ဝ၂၁ ရက် ည ၈ နာရီမှ ၁ဝ-၁၁-၂ဝ၂၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၈၈၁၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၁၈ဝ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၄ ဒသမ ဝ၉ ရာခိုင်နှုန်းရှိသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၁၁ဝ၈၉၂ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅ဝ၉၇၇၁ ဦး ရှိပြီဖြစ်သည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၉၄၁ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၈၁၁၆၁ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၄ ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၈၆၉ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။