ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး (၃/၂ဝ၂၁) ကျင်းပ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး (၃/၂ဝ၂၁) ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁ဝ

ပဋိပက္ခအတွင်း   လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး(၃/၂ဝ၂၁)ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး  စုပေါင်းအစည်းအဝေး ခန်းမ၌   ကျင်းပသည်။

 အစည်းအဝေးသို့  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ   အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဥပဒေရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အဆိုပါ အစည်းအဝေးတွင်  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့် အမှာစကား ပြောကြားသည်။

ယင်းနောက်  လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းစီမံချက်ပါ အကောင်အထည် ဖော်မှုများအား  အမျိုးသားအဆင့် ကော်မတီသို့(၃)လ တစ်ကြိမ် အစီရင်ခံစာ တင်ပြနိုင်ရေး၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင် အထည်ဖော်မှုအား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့့် UNသို့ အသိပေးမှုများ ဆောင်ရွက်နိုင်ရေး၊ တိုင်ကြားမှု နည်းလမ်းများကို ပြည်သူလူထုသို့ ထိရောက်စွာ အသိပေးနိုင်ရေး၊ တိုင်ကြားမှု ယန္တရားနှင့် ပတ်သက်၍ ဆောင်ရွက်မှု လုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများသို့  အသိပေးနိုင်ရေး၊ လုပ်ငန်းကော်မတီ အစည်းအဝေး ခေါ်ယူကျင်းပရေး စသည့် ဆွေးနွေးတင်ပြမှုအပေါ်  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု  တားဆီးကာကွယ်ရေးနှင့်  တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြသည်။   ထို့နောက်  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားသည်။ ပဋိပက္ခအတွင်း   လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ သက်တမ်းကာလမှာ တစ်နှစ်ဖြစ်ပြီး နိုဝင်ဘာ ၁ဝ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။