အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၅) ဖွင့်ပွဲကျင်းပ

အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၅) ဖွင့်ပွဲကျင်းပ

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုအဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ဝ ရက်နံနက်ပိုင်းတွင် ရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်က  ယခုသင်တန်းကို နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အသီးသီးတွင် အလယ်အလတ်အဆင့်များ၌  စီမံခန့်ခွဲမှု တာဝန်ထမ်းဆောင်နေသူများအား ခေတ်နှင့်အညီ ပြောင်းလဲလာသော စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆနှင့် အတွေ့အကြုံများကို လေ့လာသိရှိစေရန်၊ မိမိတို့၏လုပ်ငန်း တာဝန်များကို ထိရောက်ထက်မြက်စွာ ထမ်းဆောင်နိုင်ရန်၊  နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို နားလည်စေရန်၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှု သဘောတရားများကို နားလည်စေရန်၊ ပြည်တွင်းပြည်ပနိုင်ငံရေး၊  စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို လေ့လာဆည်းပူး နိုင်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှု၊ ညှိနှိုင်းဆောင်ရွက်တတ်မှု၊ ပူးပေါင်း ဆောင်ရွက်တတ်မှု၊ ချစ်ခင် ရင်းနှီးမှုများ ပိုမိုရရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထား ကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန်  ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၃၉ ဦး၊ သင်တန်းသူ ၄၅ ဦး  စုစုပေါင်း ၈၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ၂ဝ ပတ်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းပြီးမြောက်ပါက ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာဘွဲ့နှင့် အလယ်အလတ် အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းဆင်း လက်မှတ်တို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။