ပြည်တွင်းလေယာဉ်စီး ခရီးသည်များအတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးပေးမည့် အစီအစဉ် အသိပေး ကြေညာခြင်း

ပြည်တွင်းလေယာဉ်စီး ခရီးသည်များအတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးပေးမည့် အစီအစဉ် အသိပေး ကြေညာခြင်း

နေပြည်တော်  နိုဝင်ဘာ  ၁ဝ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှုကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်၍ ရောဂါထိန်းချုပ်ရေး ဆိုင်ရာ ကန့်သတ်ချက်များအား တစ်ဆင့်ချင်း ဖြေလျှော့ပေးလျက်ရှိရာ ပြည်တွင်းလေယာဉ်စီး ခရီးသည်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း  RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး မရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်၌ တင်ပြနိုင်ရန် အတွက် -

  (က)ခရီးစဉ်မတိုင်မီ  ၄၈ နာရီထက် နောက်မကျစေဘဲ ကိုဗစ်-၁၉ ရောဂါကို လေယာဉ်ကွင်း တည်ရှိရာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးရုံး များတွင် နေ့စဉ်နံနက် ဝ၉းဝဝ နာရီမှ ၁၁းဝဝ နာရီနှင့် နေ့လယ် ၁၃းဝဝ နာရီမှ  ၁၅းဝဝ နာရီအချိန်အထိ ပိတ်ရက်မရှိ အခမဲ့စစ်ဆေး ဆောင်ရွက်ပေးပါမည်၊

  (ခ) ၎င်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေး၍ ရောဂါရှာဖွေရေး လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများ၊ ဓာတ်ခွဲခန်းများတွင် သတ်မှတ်နှုန်းထားပေး၍ ဓာတ်ခွဲ စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန