အရည်အသွေးပြည့်ဝပြီး လုပ်ငန်း ကျွမ်းကျင်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်
နေပြည်တော် နိုဝင်ဘာ ၁ဝ
သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် အရည်အသွေး ပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီခွဲတွင် အဆိုပါ ဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန(ရုံးချုပ်)၊ ယွန်းပညာ ကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများနှင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ၁၃ ကျောင်းတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၅ ဦး တက်ရောက်လျက် ရှိကြောင်း သတင်း ရရှိသည်။