ကောင်းမွန်သည့် ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်ဖြင့် မွေးမြူသည့် ငါးပုစွန်မွေးမြူရေးကန် ၁ဝ ကန်ရှိ
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးသုံးခု၌ ငါး၊ ပုစွန်များကို ကောင်းမွန်သည့် ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) ဖြင့် မွေးမြူသည့် ကန် ၁ဝ ကန်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ပြည်တွင်း၌ ပုစွန်ကန် နှစ်သိန်းလေး သောင်းကျော်နှင့် ငါးကန် နှစ်သိန်းလေး သောင်းကျော်ရှိရာမှ ရန်ကုန်တိုင်းဒေသကြီး၌ တစ်ကန်၊ ဧရာဝတီတိုင်း ဒေသကြီး၌ လေးကန်နှင့် တနင်္သာရီတိုင်း ဒေသကြီး၌ ငါးကန် စုစုပေါင်း GAqP ဖြင့် မွေးမြူ သည့်ကန် ၁ဝ ကန်သာရှိသည်။
ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါး၊ ပုစွန်၊ ကဏန်း ရေထွက်ကုန်များကို ပင်လယ်ပြင်၊ အင်းအိုင်ချောင်းမြောင်းတို့မှ ဖမ်းဆီး၍ မွေးမြူကြကြောင်း သိရသည်။
ထို့ပြင် သယံဇာတထိန်းသိမ်းသည့် အနေဖြင့် ငါး၊ ပုစွန်များအား ကောင်းမွန် သည့် ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်ကို လိုက်နာကာ မွေးမြူပြီး ဖမ်းဆီးမွေးမြူ သည့်နေရာ၌လည်း နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။