စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

မုံရွာ၊ သာသနာရေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

၂၀၂၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက် နံနက်  ၉ နာရီက  မုံရွာမြို့  အိုးဘိုတောင်ရပ်ကွက်ရှိ  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ  ချင်းတွင်းခန်းမ၌ကျင်းပရာ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲ များက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး မုံရွာမြို့ အုတ်ကန်တောရစာသင်တိုက် ပဓာန နာယကဆရာတော် စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမာနိတအရှင်သူမြတ်ထံမှ   အနုမောဒနာတရားနာယူကြည်ညိုကာ လှူဒါန်းမှုအစုစုအား ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

ယနေ့ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမှူးပြုကျင်းပသော စုပေါင်းမဟာဘုံကထိန်ပွဲတွင် လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေ  စုစုပေါင်းငွေကျပ် ၂၉၃၅၇၉၅၀ ဖြစ်ကြောင်း သိရသည်။                

(၆၁၁)