ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရှိ မြို့နယ်အချို့အား Stay  at home အစီအစဉ်မှပယ်ဖျက်

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရှိ မြို့နယ်အချို့အား Stay  at home အစီအစဉ်မှပယ်ဖျက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

အမိန့်အမှတ်၊ ၅၁၉/၂ဝ၂၁

၁၃၈၃ ခုနှစ်၊  တန်ဆောင်မုန်းလပြည့်ကျော်  ၁  ရက်

(၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ   ၁၉   ရက်)

ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019  COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များမှ ရောဂါကူးစက်မှု များပြားသော မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။   သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့်ပြည်သူများ အနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို တိကျစွာ လိုက်နာသဖြင့် လွန်ခဲ့သော(၁၄)ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့  အစုလိုက်

ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ် ဆောင်ရွက်စဉ်ကာလအတွင်း   ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထား ဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ အားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာတွင်လည်း လွန်ခဲ့သော (၁၄) ရက်အတွင်း ထပ်မံတွေ့ရှိရမူ လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊    ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ

လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။  သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ နေထိုင်သော ပြည်သူများအနေဖြင့် ၂ဝ-၁၁-၂ဝ၂၁ ရက်၊ နံနက်(၄)နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင်ရန်  Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်-

    (က)ကချင်ပြည်နယ်

        (၁)ဖားကန့်မြို့နယ်။         

    (ခ) စစ်ကိုင်းတိုင်းဒေသကြီး

        (၁)ကျွန်းလှမြို့နယ်၊

        (၂)မုံရွာမြို့နယ်။                

    (ဂ) မကွေးတိုင်းဒေသကြီး      

        (၁)တောင်တွင်းကြီးမြို့နယ်၊                  

        (၂)မကွေးမြို့နယ်၊                                                                     

        (၃)မင်းဘူးမြို့နယ်၊

        (၄)ဆင်ပေါင်ဝဲမြို့နယ်၊

        (၅)မင်းတုန်းမြို့နယ်၊

        (၆)မင်းလှမြို့နယ်၊

        (၇)သရက်မြို့နယ်၊              

        (၈)အောင်လံမြို့နယ်။

    (ဃ)မန္တလေးတိုင်းဒေသကြီး            

        (၁)ပြင်ဦးလွင်မြို့နယ်။                                             

    (င) ဧရာဝတီတိုင်းဒေသကြီး             

        (၁)ပုသိမ်မြို့နယ်။                       

၄။ အထက်ပါမြို့နယ်များအား  Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်သည်။

ဒေါက်တာသက်ခိုင်ဝင်း

ပြည်ထောင်စုဝန်ကြီး