ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး

ကယားပြည်နယ်    ဘောလခဲခရိုင် ဖားဆောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌နိုဝင်ဘာ ၁၉ ရက်နံနက် ၈ နာရီတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်တင်မိုးသက်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊သံဓာတ်အားဆေးပြားများအား နေ့စဉ်သောက်ရန်ပေးခြင်း၊ သွေးအားနည်းခြင်း ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ ဆစ်ဖလစ်ရောဂါအတွက် သွေးစစ်ပေးခြင်း၊ တီဘီရောဂါ လက္ခဏာရှိ၊ မရှိ မေးမြန်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ ဗီတာမင်ဘီဝမ်း ဆေးပြားသောက်ရန်ပေးခြင်း၊ မွေးဖွားခါနီးလက္ခဏာများအား အသိပေးခြင်း၊ မွေးဖွားမည့်ခန့်မှန်းရက်ထက် တစ်ပတ်ကျော်ပါက ကျန်းမာရေးဌာနသို့    လာရောက်ပြသရန် အကြံပြုခြင်းများကို ဆောင်ရွက်ပေးသည်။

အလားတူ အသက် တစ်နှစ်အောက် ကလေးငယ်များအား အသည်းရောင် အသားဝါဘီ၊ ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးကြကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးများကို သတ်မှတ်ထားသော အကြိမ်၊ သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုးဆေး တိုက်ပေးခြင်းများ ပြုလုပ်ပေးနိုင်မှသာလျှင် အထက်ပါ ရောဂါပိုးများမှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။