ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၂ဝ၆၉၉ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၅၂၇ ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်း ၂ ဒသမ ၅၅ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၂ဝ၆၉၉ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၅၂၇ ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်း ၂ ဒသမ ၅၅ ရာခိုင်နှုန်းရှိ

နေပြည်တော်  နိုဝင်ဘာ  ၂၁

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉  သံသယ လူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား   ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂ဝ-၁၁-၂ဝ၂၁  ရက် ည ၈ နာရီမှ ၂၁-၁၁-၂ဝ၂၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂ဝ၆၉၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅၂၇ ဦးတွေ့ရှိရသည်။   ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၅၅ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၃၇၁၈၁ဝ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၁၇၉၂၂ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်  ဆေးရုံဆင်းခွင့် ရရှိသူ ၈၉၈ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၉ဝ၉၁၃ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်  ထပ်မံသေဆုံးသူ ၁၄ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉ဝ၂၅ ဦးရှိသည်။    

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂ဝ-၁၁-၂ဝ၂၁ ရက်အထိ လူဦးရေ စုစုပေါင်း ၁၅၃၉ဝ၈၇၃ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁ဝ၄၇၈၃ဝ၂ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄၉၁၂၅၇၁ ဦးရှိပြီ ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂ဝ-၁၁-၂ဝ၂၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ   စုစုပေါင်း ၂၅၈၆၉၁၇၅  ကြိမ်  ထိုးနှံပြီးဖြစ်ကြောင်းကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။