အခြေခံရှေးဦးသူနာပြုစုခြင်း လက်တွေ့သရုပ်ပြသင်ကြားလေ့ကျင့်ပေး

လှိုင်းဘွဲ့၊ လူမှုရေး

အခြေခံရှေးဦးသူနာပြုစုခြင်း လက်တွေ့သရုပ်ပြသင်ကြားလေ့ကျင့်ပေး

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် ကော့ဖမုတ်ကျေးရွာတွင် ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သင်ကြားပေးသော အခြေခံ ရှေးဦးသူနာပြုစုခြင်း  လက်တွေ့သရုပ်ပြသခြင်းကို နိုဝင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါရှေးဦးသူနာပြုစုခြင်းသင်တန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း လှိုင်းဘွဲ့မြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့မှူးဦးဝင်းဇော်၊ ဒုတိယတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြူနှင့် သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သော ရှေးဦးပြုစုခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်အရိုးအက်ဒဏ်ရာပတ်တီးစည်းနည်း၊ ရှေးဦးပြုစုမည့်သူ လိုက်နာရမည့်အချက်များ၊ မိုင်းအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးခြင်း စသည့်အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပေးကြောင်း သိရသည်။ 

  စောဒိ(ပြန်/ဆက်)