ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၂၆ ၃၉ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၆၃၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း  ၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၂၆ ၃၉ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၆၃၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း  ၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိ

နေပြည်တော် နိုဝင်ဘာ ၂၃

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ  ၂၂-၁၁-၂ဝ၂၁ ရက် ည ၈ နာရီမှ ၂၃-၁၁-၂ဝ၂၁ ရက် ည ၈  နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၈၃၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၆၃၁ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၄၂၂၆၃၉ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၅၁၉၁ဝ၂ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်ဆေးရုံဆင်းခွင့် ရရှိသူ ၇၇၇ ဦးဖြစ်သဖြင့်    ယနေ့အထိ  စုစုပေါင်း ၄၉၂၅၅၈ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ခုနစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉ဝ၄၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက   သတင်းထုတ်ပြန်ထားသည်။