နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ (၁၀/၂၀၂၁) တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ(၁၀/၂၀၂၁)ကို   နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ရာ ယင်းသတင်းစာရှင်းလင်းပွဲကို မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MWD Channel၊ MWD Variety Channel၊ MITV၊ MOI Website၊ MOI Youtube၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီFM၊ ရွှေ FM၊ ပတ္တမြား FM၊ ချယ်ရီ FM နှင့် FM ပုဂံတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာကြိုတင်အသိပေးအပ်ပါသည်။