မြစိမ်းရောင်ကျေးရွာစီမံကိန်း ဂုဏ်ပြုမှတ်တမ်းလွှာ ဆုချီးမြှင့်ခြင်းနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်

ဘားအံ၊ လူမှုရေး

မြစိမ်းရောင်ကျေးရွာစီမံကိန်း ဂုဏ်ပြုမှတ်တမ်းလွှာ ဆုချီးမြှင့်ခြင်းနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်

သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာ စီမံကိန်းလုပ်ငန်းများကိုကိုဗစ်-၁၉ ရောဂါကူးစက်မှုကာလအတွင်း ရာနှုန်းပြည့်ထုတ်ချေးလည်ပတ်နိုင်အောင်  ကြိုးစား ဆောင်ရွက်ခဲ့သော စီမံကိန်းမြို့နယ်အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်၏ ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းနှင့် ခရိုင်/မြို့နယ်များမှဝန်ထမ်းများ၏ သား၊ သမီးများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီတွင် အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး  ဦးရန်မျိုးနိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းများကို ရာနှုန်းပြည့်ထုတ်ချေး လည်ပတ်နိုင်အောင် ကြိုးစားဆောင်ရွက်ကြသော မြို့နယ်ဦးစီးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ခံ ဝန်ထမ်းများအား အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၏ သား၊ သမီးများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပညာသင်စရိတ်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အထူးဆု ရရှိသော ကော့ကရိတ်မြို့နယ် အား ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ချီးမြှင့်ရာ မြို့နယ်ဦးစီးမှူး  ဦးဆာဒေါက်ဖော့ကလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ငွေများကိုပေးအပ်ရာ သက်ဆိုင်ရာခရိုင်/မြို့နယ်ဦးစီးမှူးများက လည်း ကောင်း လက်ခံရယူကြပြီး သက်ဆိုင်ရာဝန်ထမ်းများထံ   ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုကိုကျော်