ပခုက္ကူမြို့၌ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ပခုက္ကူ၊ သက်မွေးပညာ

ပခုက္ကူမြို့၌ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး   ပခုက္ကူမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းသင်တန်းကို နိုဝင်ဘာ တတိယပတ်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၃ ဒသမ ၉ သိန်းကျော်ဖြင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းသင်တန်းကို ဖွင့်လှစ်ခဲ့ရာ အခြေခံပညာ အလယ်တန်းအဆင့်ရှိသည့် အမျိုးသမီးသင်တန်းသူ ၂၀ ဦးတက်ရောက်သင်ယူလျက်ရှိသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာမနှစ်ဦးက သင်တန်းသူများကို သင်တန်းကာလတစ်လကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးလျက်ရှိကြောင်း  သိရသည်။

ဆလိုင်းကိုကီး