ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၂၆၅၉၇ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၆၂၉ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း ၂ ဒသမ ၃၆ ရာခိုင်နှုန်းရှိ

နေပြည်တော် နိုဝင်ဘာ ၂၄

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၂၆၅၉၇ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၆၂၉ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း  ၂ ဒသမ ၃၆ ရာခိုင်နှုန်းရှိ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  (၂၃-၁၁-၂၀၂၁)ရက် ည ၈ နာရီမှ (၂၄-၁၁-၂၀၂၁)ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၆၅၉၇ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၂၉ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၃၆ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၄၄၉၂၃၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၁၉၇၃၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်ဆေးရုံဆင်းခွင့်ရရှိသူ ၈၄၁ ဦးဖြစ်သဖြင့် ယနေ့အထိ  စုစုပေါင်း ၄၉၃၃၉၉ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ  ရှစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၀၄၉ ဦးရှိကြောင်း သိရသည်။               

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၃-၁၁-၂၀၂၁)ရက်နေ့အထိ လူဦးရေစုစုပေါင်း ၁၅၇၈၁၂၇၄ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁၁၀၁၅၁၆၂ ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၄၇၆၆၁၁၂ ဦးရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ (၂၃-၁၁-၂၀၂၁) ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၂၆၇၉၆၄၃၆ ကြိမ် ထိုးနှံပြီးဖြစ် ကြောင်းကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။                    

 (၅၀၀)