ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့အား Stay at Home အစီအစဉ်မှ ပယ်ဖျက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့အား Stay at Home အစီအစဉ်မှ ပယ်ဖျက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

အမိန့်အမှတ်၊  ၅၂၂/၂ဝ၂၁

၁၃၈၃ ခုနှစ်၊  တန်ဆောင်မုန်းလပြည့်ကျော်  ၆  ရက်

(၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ  ၂၄  ရက်)

 ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (Coronavirus Disease 2019  COVID-19) ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ရောဂါကူးစက်မှု များပြားသော မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။      သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့်ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို တိကျစွာ လိုက်နာသဖြင့် လွန်ခဲ့သော(၁၄)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက် ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ် ဆောင်ရွက်စဉ် ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထား ဆောင်ရွက်ခဲ့ခြင်း၊  ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ အားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာတွင်လည်း လွန်ခဲ့သော (၁၄)ရက်အတွင်း ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။      သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ မြို့နယ်များမှ နေထိုင်သော ပြည်သူများအနေဖြင့် ၂၅-၁၁-၂ဝ၂၁ ရက်၊ နံနက်(၄)နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင်ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်-

    (က)ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်

        (၁)ဇမ္ဗူသီရိမြို့နယ်၊

        (၂)ပျဉ်းမနားမြို့နယ်၊

        (၃)လယ်ဝေးမြို့နယ်၊

        (၄)တပ်ကုန်းမြို့နယ်။        

    (ခ)ကချင်ပြည်နယ်

        (၁)ရွှေကူမြို့နယ်၊

        (၂)မိုးကောင်းမြို့နယ်၊

        (၃)မြစ်ကြီးနားမြို့နယ်၊       

        (၄)ဝိုင်းမော်မြို့နယ်။

    (ဂ)ကယားပြည်နယ်

        (၁)လွိုင်ကော်မြို့နယ်။

    (ဃ)ကရင်ပြည်နယ်

        (၁)မြဝတီမြို့နယ်။

    (င) ချင်းပြည်နယ်

        (၁)တီးတိန်မြို့နယ်။          

    (စ)မကွေးတိုင်းဒေသကြီး

        (၁)နတ်မောက်မြို့နယ်။              

    (ဆ)မန္တလေးတိုင်းဒေသကြီး

        (၁)မြစ်သားမြို့နယ်၊

        (၂)မတ္တရာမြို့နယ်၊

        (၃)သပိတ်ကျင်းမြို့နယ်၊              

        (၄)မိတ္ထီလာမြို့နယ်၊            

        (၅)ငါန်းဇွန်မြို့နယ်၊

        (၆)တောင်သာမြို့နယ်။

     (ဇ)မွန်ပြည်နယ်

        (၁)ချောင်းဆုံမြို့နယ်။                           

    (ဈ)ရှမ်းပြည်နယ်

        (၁)နောင်ချိုမြို့နယ်၊

        (၂)သီပေါမြို့နယ်၊

        (၃)ကျိုင်းတုံမြို့နယ်၊

        (၄)ညောင်ရွှေမြို့နယ်၊

        (၅)တောင်ကြီးမြို့နယ်၊

        (၆)ရပ်စောက်မြို့နယ်၊

        (၇)မူဆယ်မြို့နယ်၊

        (၈)လားရှိုးမြို့နယ်၊

        (၉)လောက်ကိုင်မြို့နယ်။                      

၄။ အထက်ပါမြို့နယ်များအား Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်သည်။

ဒေါက်တာသက်ခိုင်ဝင်း

ပြည်ထောင်စုဝန်ကြီး