အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး နတ်ရှင်နောင်ခန်းမ၌  နိုဝင်ဘာ ၂၄ ရက်နံနက်ပိုင်းတွင်  ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် တောင်ငူခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သဇင်မျိုးကအဖွင့်အမှာစကား ပြောကြားပြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်သီတာအောင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ထွေးတို့က ဟောပြောဆွေးနွေးကြသည်။

ဟောပြောဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။