အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံချည်ထိုး လက်မှုပညာ သင်တန်း ဖွင့်လှစ်လျက်ရှိ

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံချည်ထိုး လက်မှုပညာ သင်တန်း ဖွင့်လှစ်လျက်ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံချည်ထိုး လက်မှုပညာသင်တန်းကို   အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်ထိ  ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသူများ တက်ရောက်လျက် ရှိကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသေးစား စီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်းနှင့်အတူ မိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် လူမှုစီးပွားဘဝ အဆင့်အတန်း မြင့်မားလာစေရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကလေးဝတ်၊ လူကြီးဝတ် အင်္ကျီ၊ ခေါင်းစည်းကွင်း၊ ဦးထုပ်၊ ကလစ်၊ တဘက်၊ ပိုက်ဆံအိတ်  စသည့် အသုံးအဆောင်ပစ္စည်း ပြုလုပ်နည်းဆိုင်ရာ နည်းစနစ်များကို သင်တန်းနည်းပြ တစ်ဦးက သင်တန်းသူ ၂ဝ ဦးအား စာတွေ့လက်တွေ့လေ့ကျင့် သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကာလ တစ်လကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။