တောင်ကြီးမြို့၌ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ

တောင်ကြီး၊ အားကစား

တောင်ကြီးမြို့၌ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲသို့  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင် ရာများ၊  အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)မှ   ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ စုပေါင်းတက် ရောက်ကာ အားကစားကွင်းတွင် စုပေါင်းလမ်းလျှောက်ကြပြီး သွေးပူလေ့ကျင့်ခန်း ကာယအတွဲ(၁-၂)တို့ကို စုပေါင်း လေ့ကျင့်ပြု လုပ်ကြသည်။

ဆက်လက်၍ အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊  အမျိုးသား၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ လက်ဆင့် ကမ်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတို့ ကျင်းပပြီး ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် တာဝန်ရှိသူများက  ဆုများ အသီးသီးပေးအပ်ကြောင်း သိရသည်။

(၄၀၅)