ပဲတီစိမ်းစတင်စိုက်ပျိုးသူများအနေဖြင့် မြေအမျိုးအစားကိုစနစ်တကျရွေးချယ်ပြီးမှသာ စိုက်ပျိုးသင့်

ပဲတီစိမ်းစတင်စိုက်ပျိုးသူများအနေဖြင့် မြေအမျိုးအစားကိုစနစ်တကျရွေးချယ်ပြီးမှသာ စိုက်ပျိုးသင့်

ရန်ကုန်၊ စိုက်ပျိုးစီးပွား

ပဲတီစိမ်းစတင်စိုက်ပျိုးသူများအနေဖြင့် အထွက်နှုန်းကောင်းမွန်စေရန်နှင့် အရည်အသွေးပြည့်မီစေရန် အပင်ပြုစုထိန်းသိမ်း မှုများ လုပ်ဆောင်ပေးရမည့်အပြင် မစိုက်ပျိုးမီ မြေအမျိုးအစားကို စနစ်တကျ ရွေးချယ်ပြီးမှသာ စိုက်ပျိုးသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ် ရွာသစ် ကျေးရွာအုပ်စု မကျီးပေါက်ကန်ကျေးရွာမှ ပဲတီစိမ်းစီးပွားဖြစ်စိုက်ပျိုးသူ ဦးသူရထွန်း ၏ပြောပြ ချက် အရ သိရသည်။

“ကျွန်တော်က ပဲတီစိမ်းတစ်မျိုးတည်း ကို ၅၅ ဧက စိုက်ပျိုးထားပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့အတွက် မိရိုး ဖလာ စိုက်ပျိုးခဲ့တာပါ။   ပဲတီစိမ်းစတင် စိုက်ပျိုးမယ့်သူတွေအနေနဲ့ မြေအမျိုးအစား ကို စနစ်တကျရွေးချယ်ပြီးမှ စိုက်ပျိုးသင့်ပါ တယ်။  ပဲတီစိမ်း စိုက်ပျိုးတဲ့အခါ  မြေစေးလည်း မဟုတ်ရဘူး။ သဲမြေအမျိုးအစား လည်း မဟုတ်ရဘူး။ နုန်းဆန်တဲ့မြေမျိုးကို ရွေးချယ် သင့်တယ်။  စိမ့်စမ်းမြေမျိုးဖြစ်ပြီး  မြေက  တအားလည်းမစေးရဘူး။  အဲဒီလို မြေအမျိုးအစားဆိုရင် ကောင်းကောင်းဖြစ် ထွန်းပါ တယ်”   ဟု   ဦးသူရထွန်းက ပြောသည်။

ပဲအမျိုးမျိုးအနက် ပဲတီစိမ်းဈေးကွက် သည် နှစ်စဉ် ပုံမှန်လည်ပတ်နေပြီး  ၂၀၂၀ ပြည့်နှစ်  ဈေးများအရ ပဲတီစိမ်းတစ်တင်း (ပိဿာချိန် ၂၀) လျှင် ငွေကျပ် ၄၂၀၀၀ ရရှိခဲ့သည်။ ပဲတီစိမ်းစိုက်ပျိုးရာတွင် အများအားဖြင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး   ဖေဖော်ဝါရီလတွင်   ဆွတ်ခူးလေ့ရှိ ကြောင်း သိရသည်။

နန်းထက်ထက်ချစ်