သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသမိုင်း အဖွဲ့ဝင်များနှင့်တွေ့ဆုံ

ရန်ကုန်  ဒီဇင်ဘာ  ၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသမိုင်း အဖွဲ့ဝင်များနှင့်တွေ့ဆုံ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာသမိုင်းအဖွဲ့ ဝင်များတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း သီရိမင်္ဂလာရိပ်သာလမ်းသွယ်ရှိ သမိုင်းသုတေ သနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(ရန်ကုန်)  ပညာ ဆောင်၌ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့် တိုက်ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ မြန်မာသမိုင်း အဖွဲ့ဝင် ဆရာကြီး ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၇ ဦး တက်ရောက်သည်။ မြန်မာသမိုင်း အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဆွေးနွေးပြောကြားရာတွင်  အမျိုးသားစာကြည့်တိုက်အမှတ်(၂) နေရာရရှိ ပြီးဖြစ်ကြောင်း၊ သမိုင်းပညာရှင်ရုံးခန်းနှင့် သမိုင်းသုတေသနစာကြည့်တိုက်နေရာ ပါဝင်မည်ဖြစ်ကြောင်း၊ သမိုင်းသုတေသနလုပ်ငန်း များ၊ သမိုင်းဆိုင်ရာအထောက်အကူပြုစာပေ နှင့် အတ္ထုပ္ပတ္တိစာပေပြုစုခြင်းများ၊ သမိုင်း စာတမ်းဖတ်ပွဲများတွင် ပညာရှင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သမိုင်း သုတေသနလုပ်ငန်းသည်  ပြီးပြည့်စုံခြင်း၊ ပြီးဆုံးခြင်းမရှိကြောင်း၊ အချက်အလက် အထောက် အထားခိုင်မာရန်၊ ဆန္ဒစွဲမပါရန် လိုအပ်ကြောင်း၊ ယခင်ထုတ်ဝေခွင့်မရသော အနောက်တံခါးစာအုပ်ကို ယခုထုတ်ဝေ ပေးမည်ဖြစ်ကြောင်း၊ စာအုပ်အမည်ကို ပြောင်းပေးမည်ဖြစ်ကြောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေနိုင်အောင် ကြိုတင်ပြင်ဆင်ထားစေလိုကြောင်း၊ ပထမနှင့်ဒုတိယ  အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီးတွင် အင်္ဂလိပ်လက်အောက်ကျရောက် သွားသော ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း  နှင့် အောက်မြန်မာပြည်တို့တွင် တိုင်းရင်း သားမျိုးချစ်များ၏ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲများကို ပြန်လည်ဖော်ထုတ်မှတ်တမ်းတင် လိုကြောင်း၊  ထို့ပြင်  လွတ်လပ်ရေးရပြီး (၁၉၄၈) နောက်နှစ်ငါးဆယ် (၁၉၉၈ အထိ) အတွင်း ခေတ်သစ်မြန်မာ့သမိုင်းကိုလည်း (မူကြမ်း)ပြုစုချင်ကြောင်း စသည်ဖြင့် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် သမိုင်းသုတေသနနှင့်အမျိုး သားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်က မြန်မာသမိုင်းပညာ ရှင်များက ခေတ်အပိုင်းအခြားအလိုက် တာဝန် ယူပြန်လည်ဖွဲ့စည်းပေးထားကြောင်းနှင့် ဌာနနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ချက်များကိုတင်ပြခဲ့ပြီး မြန်မာ သမိုင်းအဖွဲ့ပညာရှင်များက လုပ်ငန်းဆောင် ရွက်ချက်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကိုဆောင်ရွက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် လမ်းသစ်လမ်းထောင့်တွင် တည်ဆောက် လျက်ရှိသော ရုပ်ရှင်၊ ဂီတ၊ သဘင်အနု ပညာများ ဖျော်ဖြေတင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနတည် ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိကာ  ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက တည်ဆောက် ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင် ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ကြောင်း သိရသည်။ 

 (၅၀၀)