ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်   အချိန်နှင့်တစ်ပြေးညီ  စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ    ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီတစ်ခုမှ ယာဉ်စီးရေတစ်စီးဖြင့် နှာခေါင်းစည်း Mask ၄ တန်တင်သွင်းခဲ့သည်။

ဒီဇင်ဘာ ၁ ရက်မှ ၂၅ ရက်အတွင်း ကုမ္ပဏီ ၈၃ ခုမှ ယာဉ်စီးရေ ၁၉၀ ဖြင့် အောက်ဆီဂျင်(အရည်) ဘောက်ဆာယာဉ်ဖြင့် ၃၀၄ တန်၊ အောက်ဆီဂျင်(ဓာတ်ငွေ့) အိုးဖြင့်နှစ်တန်၊  အောက်ဆီဂျင်အရည် Storage Container/Tank နှစ်ခု၊ အောက်ဆီဂျင်အရည် Distributor နှစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၃၀၀၁ ခု၊ OxygenPlant သုံးခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen   Concentrator)  ၅၈၁  ခု၊ Covid Test K ၁၉၅၇ ခု၊ PPE ဝတ်စုံ ၁၅၂၈၀၊ လက်အိတ် ၃၂ တန်နှင့် နှာခေါင်းစည်း (Mask) ၁၀၃၉ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ဒီဇင်ဘာ ၁ ရက်မှ ၂၅ ရက်အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင် (အရည်) ဘောက်ဆာယာဉ် စုစုပေါင်း ၁၆စီးမှာ ရန်ကုန်မြို့သို့ ၁၃ စီး၊ မန္တလေးမြို့သို့ နှစ်စီးနှင့် မုံရွာမြို့သို့ တစ်စီးဖြစ်ပြီး Oxygen Plant သုံးခုမှာ မန္တလေးမြို့သို့နှစ်ခုနှင့် မူဆယ်မြို့သို့ တစ်ခုဖြစ်ကြောင်း သိရသည်။       

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ

ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။