ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအဖွဲ့(Youth Club)၊ အမျိုးသမီးများအဖွဲ့ (Women Club) တို့ပူးပေါင်း၍ စာဖတ်သူများအကြိုက် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာ ၂၅ ရက်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌ ကျင်းပသည်။
ရှေးဦးစွာ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စောဝတ်ရည်က စာပေချစ်သူများ အချင်းချင်း စာဖတ်သူအကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို လစဉ်ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေါ်စောဝတ်ရည်က စာရေးဆရာ သန်းစိုးနိုင် ရေးသားသည့် စိတ်ကူးကောင်းများဖြင့် ကျောင်းထားပေးခြင်း စာအုပ်မှ လူငယ်လူရွယ်များ ကျောင်းစာနှင့် ဘဝစာမျက်နှာများကြား ကွာခြားပုံ၊ ပြဿနာတစ်ခုကို ရှုထောင့်မျိုးစုံမှ တွေးခေါ်စဉ်းစားခြင်းဖြင့် အများနှင့်မတူသော ဖြေရှင်းနည်းမျိုး ရရှိလာပုံတို့ကိုလည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်အင်နန်းစိုးက လူမှုအဖွဲ့အစည်းအတွင်း လူ့လောကကြီး၏ စိတ်နှင့်ရုပ်တို့၏ မညီမျှခြင်းများ၊ အတွေးအမြင်အယူအဆများ၊ စိတ်ကူးစိတ်သန်းများ အကြောင်းတို့ကို လည်းကောင်း ဆွေးနွေးရာ Youth Club အဖွဲ့ဝင် မယုလွင်ထွန်းက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်