ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူ စည်ကားများပြားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ ယနေ့နံနက်ပိုင်းတွင် အနယ် နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ဒီနေ့က လာရောက်အပန်းဖြေသူ အရမ်းများပါ တယ်။ ခရစ္စမတ်ကာလမှာရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်သုံးရက်ဆက်တိုက် ရက်ရှည်ရတော့ နေရာဒေသအစုံက လာလည်ကြ၊ အပန်းဖြေကြတာ များပါတယ်ဟု ဒေသခံဦးသန်းဌေးကပြောသည်။

ချောင်းသာကမ်းခြေ၌ ယခင်ကထက် လာရောက် လည်ပတ်အပန်းဖြေသူ နည်းပါးသော်လည်း နေ့ကြီး၊ ရက်ကြီးနှင့် အလုပ်ပိတ်ရက်ရှည်များတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားများပြားကြောင်း သိရသည်။         

ကျော်ကျော်(ချောင်းသာ)