ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လစ်လပ်လျက်ရှိသည့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ  ဖြေဆိုနေမှုကို ကြည့်ရှုအားပေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လစ်လပ်လျက်ရှိသည့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ  ဖြေဆိုနေမှုကို ကြည့်ရှုအားပေး

နေပြည်တော်  ဒီဇင်ဘာ  ၂၆

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး၊ အငယ်တန်း အင်ဂျင်နီယာ(၂)၊ ပုံဆွဲ(၂)နှင့် စာရင်းကိုင်(၂) ရာထူးအလွှာ ၈၃ နေရာ ရွေးချယ်ခန့်ထားနိုင်ရေး အတွက် သတင်းစာတွင် ကြော်ငြာထည့်သွင်း   လျှောက်လွှာခေါ်ယူခဲ့သော ရေးဖြေစာမေးပွဲအား နေပြည်တော်ကောင်စီ နယ်မြေရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့တွင် ကျင်းပသည်။

အဆိုပါ    စာမေးပွဲဖြေဆိုနေမှုအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ပြည်ထောင်စုဝန်ကြီးရုံး ခေတ္တတာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေး ဝန်ကြီးဌာန  အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း  ကျောင်းအုပ်ကြီး ဦးဝင်းမြင့်ဦးတို့က  လှည့်လည်ကြည့်ရှု အားပေးသည်။

အဆိုပါရေးဖြေ စာမေးပွဲတွင်  ဒုတိယ ဦးစီးမှူး၊   အငယ်တန်းအင်ဂျင်နီယာ(၂)၊ ပုံဆွဲ(၂)နှင့်  စာရင်းကိုင်(၂) ရာထူးအလွှာ ၈၃ နေရာအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ သုံးဘာသာ စစ်ဆေးခဲ့ပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၈၈ ဦးရှိကြောင်း သိရသည်။