ယနေ့ဓာတ်ခွဲ နမူနာစုစုပေါင်း ၇၅၅၂ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၁၀ ဦး တွေ့ရှိ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၄၆ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၂၆

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့်    အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား  ပုံမှန်ဆောင်ရွက်လျက်ရှိပြီး    ၂၅-၁၂-၂၀၂၁ ရက် ည ၈ နာရီမှ  ၂၆-၁၂-၂၀၂၁ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၇၅၅၂    ခုအား  စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၁၀ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက်   ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ  ၁ ဒသမ  ၄၆ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅၉၈၁၃၇၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၅၂၉၆၁၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၇၅ ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၅၀၇၂၁၀ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်   ထပ်မံသေဆုံးသူ သုံးဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၂၅၄  ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၅-၁၂-၂၀၂၁ ရက်အထိ လူဦးရေစုစုပေါင်း ၂၀၄၂၅၁၁၃ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၄၆၄၉၃၄၅ ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ  ၅၇၇၅၇၆၈  ဦးရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၅-၁၂-၂၀၂၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအကြိမ်ရေ စုစုပေါင်း ၃၅၀၇၄၄၅၈ ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက   သတင်းထုတ်ပြန်ထားသည်။