မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် UWSA (ဝ)တပ်ဖွဲ့ဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ- ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာ များမှ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် UWSA (ဝ)တပ်ဖွဲ့ဝင်များကို တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ယနေ့အထိ ဒေသခံ ပြည်သူ ၉၃၁၄ ဦးနှင့် UWSA (ဝ)တပ်ဖွဲ့ဝင် ၉၁၂ ဦး၊ စုစုပေါင်း ၁၀၂၂၆ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် နှာခေါင်းစည်း Mask များ ပေးအပ်ခြင်း၊ COVID-19 ရောဂါ၊ ဆုံဆို့နာရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့အနေဖြင့် ယနေ့တွင်လည်း မိုင်းဆတ်မြို့နယ်၊ မိုင်းကန်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် UWSA(ဝ)တပ်ဖွဲ့ဝင်များကို အဆိုပါကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ များနှင့် UWSA (ဝ)တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၁ ဦးတို့ကို အပူချိန်တိုင်းတာပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးပြီး ဆုံဆို့နာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း များ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မိုင်းဆတ်တပ်နယ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးလာရောက် ကုသသူများအား စားသောက်ဖွယ်ရာများနှင့် နှာခေါင်းစည်း ြေျု များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။