နိုဗယ်ကိုရိုနာဗိုင်းရပ်ကတော့ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ အံ့သြမှုတွေနဲ့ အပြည့်ပါ ပဲ။ သိပ္ပံပညာရှင်တွေကို အခုလောက်ထိ အံ့အားသင့်အောင်လုပ်နိုင်တဲ့ ဗိုင်းရပ်ကိုလည်း အရင်တုန်းက မတွေ့ဖူးပါဘူး။
အကြောင်းရင်းကတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ဘယ်လိုစမ်းသပ်မှုမျိုးမှာမဆို သေဆုံးသွား ခြင်းမရှိဘဲ ရှင်သန်နိုင်စွမ်း ရှိတာကိုတွေ့ရလို့ဖြစ်ပါတယ်။ အခုစမ်းသပ်မှုတွေကိုတော့ ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့မှာရှိတဲ့ ဆန်မယ်ဝိုက်(စ်)တက္ကသိုလ်မှဒေါက်တာ မီးကလော့ကယ် လာမယ်ယာ ဦးဆောင်တဲ့သုတေသီအဖွဲ့က လုပ်တာပါ။
သူတို့ရဲ့စမ်းသပ်မှုတွေထဲမှာ ဗိုင်းရပ်ကို အပ်နဲ့ထိုးခြင်း၊ ဗိုင်းရပ်ရဲ့လှုပ်ရှားမှုကို လေ့လာခြင်း၊ ဗိုင်းရပ်က အပူချိန်ပြင်းပြင်း မှာသေနိုင်ခြင်း ရှိ၊ မရှိစမ်းသပ်ခြင်း အစရှိတဲ့စမ်းသပ်မှုတွေ ပါဝင်ပါတယ်။ အရင်ဆုံး သုတေသီတွေဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်ဖြစ်တဲ့ Sars-CoV-2 ဗိုင်းရပ် ရဲ့ ပြီးပြည့်စုံတဲ့ ဗိုင်းရပ်အမှုန်တစ်ခုကို သူ့ထက်သေးငယ်တဲ့အပ်နဲ့ ထိုးကြည့်ပါတယ်။
အစက သုတေသီတွေ ထင်ထားတာက အပ်နဲ့ထိုးခံလိုက်ရတဲ့ ဗိုင်းရပ်ဟာ အပ်နဲ့ထိုးခံ လိုက်ရတဲ့ ပူဖောင်းလေးတစ်ခုလိုပဲ ပေါက်သွားမယ်လို့ ထင်ထားခဲ့ပါတယ်။ ဒါပေမဲ့ တကယ် တမ်းလက်တွေ့မှာတော့ သူတို့ထင်ထားတာနဲ့ ပြောင်းပြန်ရလဒ်ထွက်ပြီး အပ်က သားရေလုံး တစ်လုံးကို ထိုးလိုက်ရသလိုမျိုးဖြစ်တာကို တွေ့လိုက်ရပါတယ်။
ဗိုင်းရပ်ရဲ့အရွယ်အစားက သုည ဒသမ ၀၈ မိုက်ခရိုမီတာရှိပါတယ်။ အဲဒီဗိုင်းရပ်ကို သူ့ထက် သေးတဲ့ အပ်ဖျားလေးနဲ့ အပေါ်ကနေထိုးတဲ့အချိန်မှာ ဗိုင်းရပ်ဟာပျော့သွားပါတယ်။ ပြီးတော့ ရုတ်တရက်ပဲ ပြန်ကန်တက်လာပါတယ်။ သုတေသီတွေဟာ ဒီလိုစမ်းသပ်မှုကို အကြိမ်ပေါင်း ၁၀၀ တိတိလုပ်ပါတယ်။ အကြိမ်တိုင်းမှာလည်း ဗိုင်းရပ်က ပကတိအတိုင်းပဲ ရှိပါတယ်။ ပုံစံပျက်ယွင်းသွားတာ မျိုးလုံးဝမရှိပါဘူး။
ကမ္ဘာတစ်လွှားမှာလုပ်တဲ့ ဗိုင်းရပ်စမ်းသပ်မှုတိုင်းမှာ ဗိုင်းရပ်ကိုခဲနေအောင် အအေးခံပြီး စမ်းသပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါက်တာ မီးကလော့ကယ်လာမယ်ယာနဲ့အဖွဲ့ဟာ အအေးခံထားခြင်း မရှိတဲ့ဗိုင်းရပ်က ဘယ်လိုဘယ်ပုံလှုပ်ရှား တယ်ဆိုတာကိုသိရဖို့ နောက် ထပ်စမ်းသပ်မှုတစ်ခုလုပ်ပါတယ်။
အဲဒီစမ်းသပ်မှုမှာတော့ သုတေသီတွေဟာ ဇီဝဗေဒနည်းအရ ဗိုင်းရပ်ကပ်ငြိနိုင်တဲ့ အရာတွေ သုတ်လိမ်းထားတဲ့လင်ပန်း တစ်ချပ်ထဲကို ဗိုင်းရပ်အရှင်တွေထည့်လိုက်ပါတယ်။ အဲဒီလင် ပန်းထဲမှာရှိတဲ့အရာတွေက ဗိုင်းရပ်တွေကိုကျဉ်းထဲကျပ်ထဲရောက်စေပြီး မလှုပ်နိုင်မရှားနိုင် ဖြစ်စေပါတယ်။
ပြီးတဲ့အခါမှာ သုတေသီတွေက လေဆာထုတ်လွှင့်မှုရှိတဲ့ အဏုမြူမိုက်ခရို စကုပ်အောက်မှာ ဗိုင်းရပ်တွေပါတဲ့ လင်ပန်းကိုထားပြီး ဗိုင်းရပ်တွေရဲ့ ဘေးပတ်ဝန်းကျင်ကနေ အပ်နဲ့ထိုးကာ အမျိုးမျိုးလှုပ်ရှားပြပါတယ်။ အဓိကက ဒီဗိုင်းရပ်ဟာ အမျိုးမျိုးသော လှုံ့ဆော်မှုတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာ သိချင်လို့ပါ။
ပုံမှန်အားဖြင့်ဆိုရင် တွယ်ကပ်ရာမရှိတော့တဲ့ ဗိုင်းရပ်တစ်ကောင်ဟာ ခုခံနိုင်စွမ်း မရှိရပါဘူး။ အခုတော့ ဒီလိုမဟုတ်ဘဲ ရောက်ရာပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဗိုင်းရပ်ဟာ အရာဝတ္ထုတွေအပေါ်မှာ ရက်အနည်းငယ်ကြာ တဲ့အထိ အသက်ရှင်နေနိုင်တာဖြစ်ပါတယ်။
ဘာကြောင့်ဒီလောက်အထိ အသက်ပြင်းရတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။ တရုတ် သုတေသီတွေရဲ့ သုတေသနတချို့မှာ တွေ့ရှိထားတာက Sars-CoV-2 ဗိုင်းရပ်ရဲ့ မျက်နှာ ပြင်မှာ စပိုက်ပရိုတိန်း စုစုပေါင်း ၂၆ ခုရှိတယ်လို့ဆိုပါတယ်။ စပိုက်ပရိုတိန်းဆိုတာ ကလာပ် စည်းတစ်ခုကို စတင်တွယ်ကပ်နိုင်တဲ့အရာ တစ်နည်းအားဖြင့် ချိတ်တစ်ချောင်းလိုဖြစ်ပါ တယ်။
ဗြိတိန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ်ကတော့ စပိုက်ပရိုတိန်း ၂၄ ခုလို့ဆိုပါတယ်။ ဂျာမနီနိုင်ငံ မက်စပလန့်သုတေသန အဖွဲ့ကတော့ အခု ၄၀ အထိပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခု ဒေါက်တာမီးကလော့ကယ်လာမယ်ယာတို့လုပ်တဲ့ သုတေသနမှာတော့ စပိုက်ပရိုတိန်း ၆၁ ခုအထိပါတာကို တွေ့ရပါတယ်။ သူတို့ဟာ အဲဒီစပိုက်ပရိုတိန်းတွေကို အပ်ဖျားလေး နဲ့ထိုးချိန်မှာတော့ အလွန်မြန်ဆန်တဲ့အရှိန်နဲ့ လှုပ်ရှားရုန်းကန်တာကို တွေ့ရပါတယ်။
တစ်စက္ကန့်မှာပုံပေါင်း ၃၀၀ အထိရိုက်နိုင်တဲ့ အဏုမြူကင်မရာနဲ့ ရိုက်တာတောင်မှ မှုန်ဝါးဝါး လေးသာဖြစ်နေတဲ့ ပုံလေးတစ်ပုံကိုသာရရှိပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုက အဲဒီလောက်ထိ ကိုမြန်ဆန်တာပါ။ ပြင်သစ်သုတေသီတွေရဲ့ သုတေသနတစ်ခုမှာတော့ အဲဒီဗိုင်းရပ်ကို အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်မှာ တစ်နာရီကြာထားပြီးနောက် တိရစ္ဆာန်ရဲ့ ကလာပ်စည်း နဲ့စမ်းသပ်ရာမှာ ဗိုင်းရပ်က ကလာပ်စည်းကိုကူးစက်ပြီး ပုံစံတူတွေပွား လိုက်နိုင်တာ တွေ့ရ ပါတယ်။ ဒေါက်တာ မီးကလော့ကယ်လာမယ်ယာနဲ့အဖွဲ့ကတော့ ဗိုင်းရပ်အမှုန်ကို အပူချိန် ၉၀ ဒီဂရီစင်တီဂရိတ်မှာ ၁၀ မိနစ်ကြာထားပါတယ်။ အပူချိန် ၉၀ ဒီဂရီစင်တီဂရိတ်ဆိုတာ ရေဆူမှတ်နီးနီးပါပဲ။
ဒီလောက်ပြင်းထန်တဲ့ အပူချိန်အောက်မှာတောင်မှ ဗိုင်းရပ်ရဲ့ စပိုက်ပရိုတိန်းအနည်းငယ်မျှ သာ ပျက်စီးသွားပါတယ်။ ကျန်တဲ့စပိုက်ပရိုတိန်းတွေနဲ့ ဗိုင်းရပ်ကိုယ်ထည်ကြီး တစ်ခုလုံး ကတော့ အကောင်းပကတိအတိုင်းပါပဲ။
ဒါကြောင့် အခုသုတေသနကို ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင် နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ အင်မတန်မှ အသက်ပြင်းပါတယ်။ ဘယ်လိုပတ်ဝန်းကျင် အခြေအနေမျိုးမှာမဆို ကောင်းစွာ အသက်ရှင်သန်နိုင်စွမ်း ရှိပါတယ်။
ဗိုင်းရပ်ကြီးတစ်ခုလုံးက လူသားတွေ တစ်ခါမျှမမြင်ဘူးတဲ့ သားရေကြိုးလိုမျိုး ဆန့်နိုင်ကျုံ့ နိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အတွက် ဘယ်လောက်ပဲ ပုံစံပြောင်းအောင်လုပ်လုပ် ဗိုင်းရပ်ကိုယ် ထည်ကြီး တစ်ခုလုံးကိုသာမက အထဲမှာရှိတဲ့ဗိုင်းရပ်ရဲ့မျိုးရိုးဗီဇကိုလည်း ဘယ်လိုမှပြောင်း လဲစေခြင်းမရှိပါဘူး။
ဗိုင်းရပ်ဟာ သူရရှိတဲ့ထိခိုက်ဒဏ်ရာတွေကို အလိုအလျောက်ပျောက်ကင်းစေပြီး ပျက်စီးသွား တဲ့နေရာတွေမှာ အသစ်တစ်ဖန်ပြန်ဖြစ်စေနိုင်တဲ့ အစွမ်းရှိသကဲ့သို့ပါပဲ။ သုတေသနတစ်ခုနဲ့ တစ်ခုမှာ စပိုက်ပရိုတိန်းပမာဏချင်းမတူတာကို တွေ့ရတဲ့အတွက် အရင်ကတွေး ထင်ဖူးတာ ထက်ကို သူတို့ဟာ အမျိုးမျိုးပြောင်းလဲနိုင်စွမ်းရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆပါတယ်။
နောက်တစ်ချက်က ဗိုင်းရပ်ဟာလှုပ်ရှားမှု အင်မတန်မြန်ဆန်တဲ့အတွက် လက်ခံကလာပ် စည်းကို အမြန်ဆုံးရှာတွေ့နိုင်ပြီး အမြန်ဆုံးကပ်ငြိနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ရောဂါကူးစက် မှုကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ထွက်ပေါ်နေတဲ့ ကောလာ ဟလတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အဲဒီကောလာဟလကတော့ ဗိုင်းရပ်ဟာ နေရောင်ခြည် အောက်မှာ သေဆုံးနိုင်တယ်ဆိုပြီး ပြောနေကြတဲ့အချက်ပါ။
တကယ်တမ်းတော့ ဗိုင်းရပ်ဟာ အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်မှာလည်းမသေ၊ ၉၀ ဒီဂရီ စင်တီဂရိတ်မှာလည်း မသေပါဘူး။ ဒါကြောင့် မြောက်ကမ္ဘာခြမ်းမှာ အေးတဲ့အချိန် ရောဂါ ကူးစက်မှုမြင့်တက်တာဖြစ်ပြီး ရာသီဥတုပူတဲ့အချိန်မှာတော့ ရောဂါကူးစက်မှုကျဆင်းသွား မယ်ဆိုတဲ့ အယူအဆဟာ လွဲမှားနေပါတယ်။
အခုလုပ်တဲ့ သုတေသနတွေ အရသာမက ယခင်သုတေသနတွေအရပါ ပြောရမယ်ဆိုရင် နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ဘယ်လိုအချိန်၊ ဘယ်လိုနေရာ၊ ဘယ်လိုရာသီဥတုမှာမဆို ရှင်သန် နိုင်စွမ်းရှိတဲ့အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ပေါ့ပေါ့လေးမတွေးမိစေဖို့ အလွန်အရေးကြီးကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
Ref: SCMP