မော်စကို၊ ကျန်းမာရေး
အာဖရိကဒေသရှိ နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထောက်ပံ့မှုကို ရရှိနိုင်ဖွယ်ရှိကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရ အဖွဲ့များ အာဏာပိုင်အဖွဲ့(IGAD)မှ အမှုဆောင်အတွင်းရေးမှူး ဝါနက်ဂီဘီယီဟူက ပြော သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် ဆွေးနွေးရာတွင် IGAD အဖွဲ့ဝင်နိုင်ငံများ သိလိုသော အာဖရိကနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထောက်ပံ့မှုရရှိနိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းခဲ့ကြောင်း၊ ထိုသို့မေးမြန်းရာတွင် ကာကွယ်ဆေးရရှိသည်နှင့် တစ်ပြိုင်နက် ထောက်ပံ့ပေးမည်ဟု လက်ရော့က အခိုင်အမာ ပြောကြောင်း ဝါနက်ဂီဘီယီဟူက ပြောသည်။
အာဖရိကနိုင်ငံများအနေဖြင့် အသွားအလာကန့်သတ်မှုများ ဆက်လက်မချမှတ်နိုင်တော့ ကြောင်း၊ လူများမှာ နေအိမ်တွင်လည်း မနေနိုင်တော့ကြောင်း၊ အာဖရိကတိုက်အတွင်း လူငယ်များစွာရှိပြီး အများစုမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း၊ ပြည်သူများအနေဖြင့် အိမ်မှာ ပင်မသေချင်ကြောင်း၊ ထို့ကြောင့်အာဖရိကနိုင်ငံများကိုယ်စား မဟာမိတ်နိုင်ငံဖြစ်သော ရုရှား နိုင်ငံအနေဖြင့် ကာကွယ်ဆေးရရှိပါက ထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြောင်း ဂီဘီယီဟူ ကပြောသည်။
စက်တင်ဘာ ၂၁ ရက်အထိ အာဖရိကဒေသ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁ ဒသမ ၁ သန်း ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဖြစ်သည့် Sputnik V ကို လက်ရှိတွင်နောက်ဆုံးအဆင့် လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။
Ref: Sputnik