ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ

ရန်ကုန်  ဇန်နဝါရီ  ၁၃

ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသော  Sputnik    Light ကိုဗစ်-၁၉ ကာကွယ်ဆေး လေးသိန်း Doses  အားလွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့ညပိုင်းတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်၌ကျင်းပရာ  ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားသမ္မတနိုင်ငံ သံအမတ်ကြီး  H.E Dr. Nikolay Listopadov တို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးက ကာကွယ်ဆေးများအား ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အထောက် အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများ လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ရှေ့ဆက်၍ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအား ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  ကျေးဇူးတင် စကားပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူလူထုအနေဖြင့် လူမှုစီးပွားရေး လုပ်ငန်းများတွင် ထိခိုက်မှုများ ကြုံတွေ့ခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊  ကျန်းမာရေး ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊ နောက် ထပ်ပေါ်ပေါက်လာမည့် ကိုဗစ်လှိုင်းများအား ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး သည် အရေးကြီးသောအခန်း ကဏ္ဍမှပါဝင်ပါကြောင်း၊ ယနေ့ရုရှားနိုင်ငံမှ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် လှူဒါန်း သော   Sputnik    Light ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးတွင်များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့်   အခမ်းအနားသည်

သမိုင်းဝင် အခမ်းအနားဖြစ်ပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ၏  ချစ်ကြည်ရင်းနှီးမှုကို အနာဂတ် မျိုးဆက်သစ် များအနေဖြင့် သိရှိ နိုင်မည်ဖြစ်ပါကြောင်း၊   ဆက်လက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း    ပြောကြားသည်။

ထို့နောက် ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းသည့် Sputnik    Light ကာကွယ်ဆေးများ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြည်ထောင်စုဝန်ကြီးက ရုရှားသမ္မတနိုင်ငံ သံအမတ်ကြီးထံပေးအပ်၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ နှစ်နိုင်ငံကျန်းမာရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး  ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြသည်။ ရုရှားနိုင်ငံက ထုတ်လုပ်သည့်  Sputnik    Light ကာကွယ်ဆေး များသည် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံပေးရန်လိုအပ်ပြီး   မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှု ပိုမို လျင်မြန်စွာလွှမ်းခြုံနိုင်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည်။ ရုရှားနိုင်ငံမှလှူဒါန်းသည့်    ကာကွယ်ဆေးလေးသိန်း  Does  သည် ယနေ့တွင်ရောက်ရှိပြီး ဝယ်ယူထားသည့် ကာကွယ်ဆေး  ခြောက်သိန်း Does  သည် ဇန်နဝါရီ  ၁၆ ရက်တွင်  ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးများလွှဲပြောင်းလက်ခံသည့် အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသမ္မတနိုင်ငံသံရုံးမှ   ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။