ကျိုက်မရောမြို့နယ်၌ ဂန္ဓမာပန်းစိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းကျေးရွာ၌ ခြံပန်းစိုက်ပျိုးသည့် ပန်းစိုက်တောင်သူများ ယခင် နှစ်ထက် ပိုမိုများပြားလာပြီး ယခုနှစ်ဆောင်း ရာသီတွင် ဂန္ဓမာပန်းအပြင် မေမြို့ပန်းများကိုပါ   စမ်းသပ်စိုက်ပျိုးခဲ့ရာ  အောင်မြင်  ဖြစ်ထွန်းပြီး မိသားစု အပိုဝင်ငွေများရရှိနေကြောင်း သိရသည်။

အဆိုပါ  ပိန်းနဲကုန်းကျေးရွာမှ  ထွက်ရှိ သော ဂန္ဓမာပန်းမျိုးသည် ခိုင်ရွှေဝါဂန္ဓမာ ပန်းမျိုးဖြစ်ပြီး စိုက်ပျိုးရန် ပြင်ဦးလွင်ဘက်မှ မျိုးစေ့များကိုမှာယူ၍ အစေ့ချကာပျိုးထောင် စိုက်ပျိုးရကြောင်း၊ ဂန္ဓမာပန်းပင်များသည် မြေပွပြီး သဲနုန်းဆန်သည့် မြေဆီလွှာကို ပို၍နှစ်သက်ကာ အထွက်နှုန်းကောင်းမွန် ကြောင်း၊ ပန်းပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၁၅ ကျပ်ပေးရပြီး  စိုက်ပျိုးထားသော ပျိုး ပင်များကို ပေါင်းနုတ်၊ မြေသြဇာကျွေးခြင်း၊ နေ့စဉ်ရေလောင်းပေးရခြင်းနှင့် ပန်းပင်များ ဖူးပွင့်စအချိန်တွင် အပွင့်များ ပိုးမကိုက်စေ ရန် ပိုးကောင်လေးများဖမ်းခြင်း၊ ဆေးဖျန်း ခြင်း စသည်တို့ကို ဂရုတစိုက်ဆောင်ရွက် ပေးရကြောင်း၊ စိုက်ပျိုးပြီးချိန် သုံးလခန့် အကြာတွင် ဂန္ဓမာပန်းငါးခက်ပါတစ်စည်း လျှင် ငွေကျပ် ၁၂၀၀ ဖြင့် ဖောက်သည်ပေးရကြောင်း ပန်းစိုက်ပျိုးသူ ဒေါ်ချစ်ချစ်က ပြောသည်။

ယခုနှစ်တွင်    ပန်းများအထွက်နှုန်း ကောင်းမွန်ကာ ဈေးကွက်လည်းကောင်း သဖြင့် ပန်းစိုက်ပျိုးသူများ အနေဖြင့် မိသားစု အပိုဝင်ငွေရရှိကာ  စီးပွားရေး အဆင်ပြေကြကြောင်း သိရသည်။

 ချိုမြတ်မြတ်ထွေး(ကျိုက်မရော)