ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၁၁)

(၂)     သမီးတော် သီရိဘဒ္ဒါဝတီဘွဲ့ခံ တောင်ညိုမြို့စား(မြင်ကွန်းမင်းသားနှင့်စုံဖက်သူ)

(၃)     သင်္ခါဝတီဘွဲ့ခံ သမီးတော် ရန်အောင်မြင်မြို့စား (သုံးဆယ်မင်းသား၏ကြင်ရာတော်)

(၄)     သမီးတော် သီရိအာသာဒေဝီဘွဲ့ခံ စပ္ပါယ်နဂိုမြို့စား    

(၅)     သားတော် တိုင်တားမြို့စားမင်းသား။

၃။      ကိုယ်လုပ်တော်ရှင်ဖော့မှ-

(၁)     သမီးတော် သီရိအာသာဝတီဘွဲ့ခံ ဆားလင်းကြီးမြို့စားနှင့် ငယ်စဉ်က ကွယ်လွန်သူ သားတော်(၃)ဦး။

၄။      ကိုယ်လုပ်တော်ရှင်စောမှ-

          (၁)     သမီးတော် သီရိမလ္လာဝတီဘွဲ့ခံ ဧလာဇေယျသိန်မြို့စား ထိပ်ခေါင် တင်အေး။

          (၂)     သမီးငယ်စဉ်က ကွယ်လွန်။

၅။      ကိုယ်လုပ်တော်ရှင်ဘူး(အတွင်းဝန် ဇရွံ မြို့စားသမီး)မှ-

          (၁)     သားတော်ငယ်စဉ်က ကွယ်လွန်။

          (၂)     သမီးတော်ငယ်စဉ်က ကွယ်လွန်။

          (၃)     သားတော် ထိပ်တင်မြင့်။

          (၄)     သားတော် ထိပ်တင်စစ်အောင်။

          (၅)     သမီးတော် မယ်ဆွေစစ်။

          (၆)     သမီးတော် မယ်ဆွေတုတ်။

၆။      ကိုယ်လုပ်တော်ရှင်ပု(အတွင်းဝန် ဇလွန်မြို့စားသမီး)မှ-

          (၁)     သားတော်ထိပ်တင်စစ်နိုင်။

          (၂)     သားတော်ငယ်စဉ်က ကွယ်လွန်။

၇။      ကိုယ်လုပ်တော်ရှင်သိုက်မှ-

          (၁)     သားတော် မောင်ဖြူ

          (၂)     သမီးတော် မယ်ဆွေေကြွေ့။

          (၃)     သားတော် မောင်လှောက်ကြီး။

          (၄)     သားတော်မောင်ဘိုး။

၈။      ကိုယ်လုပ်တော်ရှင်ညှာမှ-

          (၁)     သားတော်ငယ်စဉ်က ကွယ်လွန်။

          (၂)     သားတော် ကြေးမြင့်မင်းသားထိပ်တင်သက်။

          (၃)     သမီးတော် ရနောင်မြို့စား။

          (၄)     သမီးတော် ငယ်စဉ်ကဆုံး။

၉။      ကိုယ်လုပ်တော်ရှင်အိမှ-   

          (၁)     သားတော် ငယ်စဉ်ကဆုံး။

          (၂)     ၎င်းင်း။

          (၃)     ၎င်းင်း။

          (၄)     သမီး၎င်းင်း။

          (၅)     သမီး၎င်းင်း။

          (၆)     သားတော်မောင်ဘုန်း။

၁၀။    ကိုယ်လုပ်တော်ရှင်မှီမှ-

                   (၁)     သားတော် ငယ်စဉ်ကဆုံးပါး။

၁၁။    ကိုယ်လုပ်တော်ရှင်ကေ(မြို့ဝန်လမိုင်းဝန်မောင်စိုးသမီး)မှ-

          (၁)     သားတော် မောင်မှတ်ကြီး။

          (၂)     သားတော် ငယ်စဉ်ကဆုံး။

၁၂။     ကိုယ်လုပ်တော်ရှင်အစ်မှ-

          (၁)     သားတော်ကျွန်းညိုမင်းသား မောင်မြကြိုင်း။

          (၂)     သားတော် ငယ်စဉ်ဆုံးပါး။

          (၃)     သမီးတော် မယ်ဆွေသက်။

၁၃။    ကိုယ်လုပ်တော်ရှင်လေး

          (တိမ်ကြားမင်းခေါင်သမီး)မှ

          (၁)     သားတော်မောင်တုတ်။

          (၂)     သမီးတော် ပခုက္ကူရွာစား မယ်ဆွေဒုန်။

၁၄။    ကိုယ်လုပ်တော်ရှင်လေးမှ

          (၁)     သမီးတော်မယ်ဆွေမင်း။

၁၅။             ကိုယ်လုပ်တော်ရှင်ဖြူမှ

          (၁)     သမီးတော် မြစ်ခြေမြို့စား

                             မယ်ဆွေအို။

၁၆။    ကိုယ်လုပ်တော်ရှင်ဥမှ

          (၁)     သမီးတော်မယ်ဆွေ။        

          (၂)     သမီးတော်မယ်ဆွေထွတ်

၁၇။    ကိုယ်လုပ်တော်ရှင်ခါမှ

          (၁)     သမီးတော်မယ်ဆွေဆံ။

၁၈။    ကိုယ်လုပ်တော်ရှင်ဝေမှ

          (၁)     သားတော်မောင်ဆွေစစ်။

၁၉။    ကိုယ်လုပ်တော်ရှင်ကောက်မှ

          (၁)     သမီးတော် ငယ်ကဆုံး။

          (၂)     သားတော် မောင်နေထွန်း။

          (၃)     သမီးတော် မယ်ဆွေတင်။

၂၀။    ကိုယ်လုပ်တော်ရှင်ဖဲမှ

          (၁)     သမီးတော် ကောင်းတုန်မြို့စား

                             မယ်ဆွေရုံ။

၂၁။     ကိုယ်လုပ်တော်ရှင်ပုမှ

          (၁)     သမီးတော် မယ်ဆွေရှင်။

၂၂။     ကိုယ်လုပ်တော်ရှင်ဘူးမှ

          (၁)     သမီးတော် မယ်ဆွေတုတ်။

၂၃။     ကိုယ်လုပ်တော်ရှင်ဖွားကြီးမှ

          (၁)     သမီးတော် ငယ်ကဆုံး။

          (၂)     ၎င်းင်း ငယ်ကဆုံး။

          (၃)     သမီးတော် မယ်ဆွေခေါင်။

          (၄)     သမီးတော် ငယ်ကဆုံး။

          (၅)     သမီးတော် မယ်ဆွေခင်။

၂၄။     ကိုယ်လုပ်တော်ရှင်ပိုးမှ

          (၁)     သမီးတော် မယ်ဆွေညွန့်

၂၅။    ကိုယ်လုပ်တော်ရှင်အေးမှ

          (၁)     သမီးတော် မယ်ဆွေအေး။

၂၆။    ကိုယ်လုပ်တော်ရှင်ဖော့မှ

          (၁)     သားတော်မောင်ဆွေမြစ်။

၂၇။    ကိုယ်လုပ်တော်ရှင်ချိန်(စစ်ကိုင်းမြို့ဝန်   သမီး)မှ

          (၁)     သားတော်မောင်ဆွေသိန့်။

          (၂)     သမီးတော် ငယ်ကဆုံး။

၂၈။    ကိုယ်လုပ်တော်ရှင်လေး (ကလေး          စော်ဘွားသမီး) အင်္ဂပူမြို့စားမှ

          (၁)     သားတော်ငယ်ကဆုံး။

          (၂)     သားတော်မောင်ဆွေမြတ်။

၂၉။    ကိုယ်လုပ်တော်ရှင်ထယ်မှ

          (၁)     သမီးတော် မယ်ဆွေစာတို့ ဖြစ်ကြပါသည်။

မြန်မာ့ထီးနန်း အတွင်းမှာလည်း မြင်ကွန်းမင်းသားကြီးနှင့် ပတ်သက်၍ သတင်းအမျိုးမျိုးထွက်လျက်ရှိလေသည်။ ထိုသတင်းများအနက် မြင်ကွန်းမင်းသားကြီး၏ ကြင်ရာတော်တောင်ညိုမင်းသမီး (အိမ်ရှေ့စံကနောင်မင်း၏ သမီးတော်)၏ သတင်းဖြစ်လေသည်။ သတင်းကား သတင်းဆိုးကြီးဖြစ်သည်။ မြင်ကွန်းမင်းသားကြီးသည် ကြင်ရာတော် တောင်ညိုမြို့စားမင်းသမီးအား ရက်စက်ကြမ်းတမ်းစွာ သတ်ပစ်လိုက်သည် ဆိုသောသတင်းဖြစ်ပါသည်။ သတ်ရခြင်းအကြောင်းမှာ မြင်ကွန်းအရေးတော်ပုံပေါ်မည့် နေ့နံနက်ပိုင်းတွင် မြင်ကွန်းမင်းသားကြီး၏ စံအိမ်၌ တပည့်တပန်းနောက်လိုက်နောက်ပါ တစ်စုတို့အား အရက်သေစာများ တိုက်ကျွေးလျက် ရွေးချယ်ထားသော အချိန်အခါတွင် နန်းမြေဘုံသာစံနန်းတော်အတွင်း ဝင်ရောက်ရန်၊ နန်းတွင်းရောက်သောအခါ အိမ်ရှေ့မင်းကို ဝင်ရောက်လုပ်ကြံရန်အုပ်စု၊ မင်းတုန်းမင်းတရားကြီးကို ဝင်ရောက်လုပ်ကြံရမည့်လူအုပ်စု၊ အရေးကြီးသော မှူးတော်မတ်တော်များကို  ဝိုင်းဝန်းအုပ်စီးထားရမည့်အုပ်စု စသည်ဖြင့်လူများကို အုပ်စုဖွဲ့၍ စီမံခန့်ခွဲလျက်ရှိဆဲတွင် မြင်ကွန်းမင်းသားကြီး၏ ကြင်ရာတော် တောင်ညိုမင်းသမီးကကြားသိသွားသည်။ မင်းသမီးကလည်း သင်္ကာမကင်းဖြစ်နေသည်မှာ ကြာရှိခဲ့လေပြီ။

ထို့ကြောင့် နားစွင့်နေသူဖြစ်၍သို့ နားစွန်နားဖျား ကြားသိလိုက်ရသည်နှင့် တစ်ပြိုင်တည်း မိမိ၏ ခမည်းတော် အိမ်ရှေ့မင်းကြီးအား   သွားရောက်လျှောက်ထား သတိပေးမည်ဟု စံအိမ်တော်မှ နောက်လိုက်နောက်ပါ ပင်မခေါ်ဘဲ အရေးတကြီးထွက်တော်မူလာသည်။ ယင်းသို့ထွက်သွားသည်ကို မြင်ကွန်းမင်းသားကြီး သိမြင်လိုက်၍ ကြင်ရာတော်တောင်ညိုမင်းသမီးအား အလျင်ဦးအောင် ဖမ်းဆီးလိုက်သည်။ စံအိမ်တော်တံခါးဝအရောက်မှ ဖမ်းဆီးခဲ့သည်။ မြင်ကွန်းမင်းသားကြီးက စစ်ဆေးသောအခါ တောင်ညိုမင်းသမီးက ဦးကြီးတော် မင်းတရားကြီးနှင့် ခမည်းတော်အိမ်ရှေ့မင်းတို့ အသက်ကိုမပြစ် မှားထိုက်ကြောင်း၊ သို့ကြောင့် လက်မတင်ကလေး ကြိုတင်သတိပေးရန် သွားမည်ဖြစ်ကြောင်း ဟုတ်မှန်သည့်အတိုင်း အဖြေပေးလေသည်။ဤတွင် မြင်ကွန်းမင်းသားကြီးက ကြင်ရာတော်အပေါ်၌ အမျက်တော်ပြင်းစွာထွက်သည်။

“သစ္စာဖောက်မ၊ နင့်အဖေကို သွားမပြောနိုင်မီ ငါက နှုတ်ပိတ်လိုက်ရမှာပ” ဟူ၍ ကြင်ရာတော် တောင်ညိုမင်းသမီးကို ရိုက်ပုတ်ညှဉ်းဆဲပြီး စံအိမ်ဝင်းတော်ထဲမှာ ရှိသော နောက်ဖေးတန်းလျားမှ ဆန်ထောင်းသော မောင်းစင်တွင်ထည့်၍ အရိုးအသားညက်ညက်ကြေအောင် ထောင်းပစ်စေသည်။ ဤသို့ကြင်ရာတော် တောင်ညိုမင်းသမီးအား ရက်စက်စွာ မောင်းနှင့်ထောင်း၍ သတ်လိုက်ပြီးမှ နေ့နှစ်ချက်တီး အချိန်တွင် နန်းမြေဘုံသာ စံနန်းတော်သို့ ပုန်ကန်ခြားနားရန် ထွက်လာကြခြင်း ဖြစ်ကြောင်းကို နောင်အခါ နန်းတွင်းက ရင်းနှီးသူများမှတစ်ဆင့် သတင်းဆိုး ပျံ့နှံ့လာရခြင်း ဖြစ်ပါသည်။

ဒဂုန်ခင်ခင်လေး