အာရှအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အာဆီယံဒေသတွင်း အသင်းများ၏ အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အဆင့်(၇)နေရာ၌ ရပ်တည်

အာရှအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အာဆီယံဒေသတွင်း အသင်းများ၏ အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အဆင့်(၇)နေရာ၌ ရပ်တည်

အာရှအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်  အာဆီယံဒေသတွင်း အသင်းများ၏ အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် အဆင့်(၇)နေရာ၌  ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အာရှအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်  အာဆီယံဒေသတွင်း အသင်းများတွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာအသင်းတို့သာ အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

အာရှအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်  အာဆီယံဒေသတွင်း အသင်းများ၏ အဆင့် သတ်မှတ်ချက်များအရ ထိုင်းအသင်းက ၆၃ ပွဲကစားခဲ့ရာ ၃၃ ပွဲနိုင်၊ နှစ်ပွဲသရေ၊ ၂၈ ပွဲရှုံးရလဒ်ဖြင့် အဆင့်(၁)၊ ဗီယက်နမ်အသင်းက  ၂၇   ပွဲ ကစားခဲ့ရာ ကိုးပွဲနိုင်၊ ၁၈ ပွဲရှုံးဖြင့် အဆင့်(၂)၊ စင်ကာပူ အသင်းက ၂၇ ပွဲကစားခဲ့ရာ ခုနစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ၁၉ ပွဲရှုံးရလဒ်ဖြင့် အဆင့်(၃)၊ မလေးရှားအသင်းက ၃၄ ပွဲကစားခဲ့ရာ ငါးပွဲနိုင်၊ သုံးပွဲသရေ၊ ၂၆ ပွဲရှုံး ရလဒ်ဖြင့် အဆင့် (၄)၊ အင်ဒိုနီးရှားအသင်းက ၁၄ ပွဲကစားခဲ့ရာ လေးပွဲနိုင်၊ တစ်ပွဲသရေ၊ ကိုးပွဲရှုံးရလဒ်ဖြင့် အဆင့်(၅)၊ ဖိလစ်ပိုင်အသင်းက ၃၁ ပွဲကစားခဲ့ရာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊  ၂၇ ပွဲရှုံး ရလဒ်ဖြင့် အဆင့်(၆)နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းက ၁၄ ပွဲကစားခဲ့ရာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ၁၁ ပွဲရှုံးရလဒ်ဖြင့် အဆင့်(၇)နေရာ၌ ရပ်တည်နိုင်ခဲ့ကြသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအနေဖြင့် ဇန်နဝါရီ ၂ဝ ရက်မှ ဖေဖော်ဝါရီ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၂၂ အာရှအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း အာဆီယံဒေသတွင်းမှ  ထိုင်း၊  ဖိလစ်ပိုင်၊  အင်ဒိုနီးရှား၊  ဗီယက်နမ် အသင်းတို့နှင့်အတူ ဝင်ခွင့်ရရှိထားပြီး မြန်မာအသင်းသည် အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ဂျပန်အသင်းနှင့် ဇန်နဝါရီ ၂၁ ရက်တွင် စတင်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။