
ကျန်းမာရေး ဂရုစိုက်သင့်တဲ့ လက္ခဏာများ
ကျန်းမာရေးက လူတွေအတွက် အရေးပါသလို အချို့လက္ခဏာလေးတွေက ပိုမိုဂရုစိုက်သင့်ကြောင်း ဖော်ပြနေပါတယ်။ လတ်တလော လုပ်ဆောင်နေချက်များကို မေ့လျော့သွားခြင်း ရှိတတ်ပါတယ်။ အိပ်စက်ချိန် ကောင်းကောင်းရခဲ့ပေမယ့် အရင်နေ့ကစားသောက်ခဲ့တဲ့ အစားအသောက်ကောင်းတွေရဲ့ အကြောင်းတွေ စဉ်းစားနေရင်း လက်ရှိလုပ်နေတဲ့ အကြောင်းအရာတွ ေမေ့လျော့သွားတယ်ဆိုတာမျိုး လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရနိုင်ပါတယ်။ အသိစိတ်မကပ်သွားတဲ့ အခိုက်အတန့်မျိုး ခဏခဏကြုံတွေ့နေရပြီ ဆိုရင် ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးသင့်တယ်။ အိပ်စက်ချိန်အပြည့်မရတာ၊ စိတ်ဖိစီးမှုများတာတွေဟာ သည်လိုဖြစ်လာနိုင်သလို ဟော်မုန်းအပြောင်းအလဲတွေ၊ သိုင်းရွိုက် အလုပ်ကောင်းကောင်း မလုပ်တော့တာတွေ သည်လို အဖြစ်အပျက်တွေ ကြုံတွေ့ရတတ်တယ်။
မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးထဲမှာရှိတဲ့ ဟော်မုန်းပမာဏကို စစ်ဆေးတာ၊ နေထိုင်မှုပုံစံ ပြောင်းလဲတာမျိုး ပြုလုပ်သင့်ပါတယ်။
စိတ်ဖိစီးမှုများလွန်းလို့ ဖြစ်တတ်တယ်။ လူတိုင်းလုပ်ငန်းခွင်၊ မိသားစုမိတ်ဆွေ သူငယ်ချင်းတွေကြားမှာ ရှင်သန်ရင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဖိစီးမှုအမျိုးမျိုးကို ခံစားနေကြရပြီ။
ဒါတွေကြောင့် ကျန်းမာရေး ထိခိုက်လာတယ်။ တိုးတက်လာတဲ့ လူနေထိုင်မှုပုံစံတွေဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ပိုများများ ထုတ်စေတယ်။ ကိုတီစောဟော်မုန်းတ ွေသွေးထဲမညီမျှတဲ့အခါ၊ များသွားတဲ့အခါ စိတ်မကြည်လင်တာ၊ စိုးရိမ်ပူပန်စိတ်မြင့်တာ၊ အသိစိတ်မကပ်တာ၊ စိတ်ဖိစီးမှုများတာ၊ မိမိကိုယ်ကို အသိအမှတ်ပြုနိုင်စွမ်း နည်းတာတွေ ခံစားရစေပါတယ်။ မြင့်တက်နေတဲ့ ကော်တီစုန်းတွေဟာ သွေးထဲမှာ အဆီဓာတ်မြင့်တက်တာ၊ ဖောတာတွေ ခံစားရပြီး ယုံကြည်မှုကျဆင်းလာတယ်။ စိတ်ပျက်လွယ်တယ်။စွမ်းအင် ကုန်ခန်းသလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုတဲ့သူတွေ စိတ်ဖိစီးမှုကို စီမံထိန်းချုပ်သင့်ပါတယ်။
အချိန်တိုင်းလိုလို အိပ်ငိုက်နေတတ်တယ်။ အားကစားလုပ်ဖို့ အချိန်သတ်မှတ် ပေးထားတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေရွေးချယ်စားသောက်တာ၊ အိပ်စက်ချိန်မှန်တာတွေ လိုအပ်ပါတယ်။ လူတစ်ယောက် တစ်နေ့ကို ၆-၈ နာရီကြာ အိပ်စက်သင့်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ခက်ရင် မိသားစု ဆရာဝန်နဲ့တိုင်ပင်ပြီး ဗေလီယံတစ်ည တစ်လုံးသောက်သုံး သင့်ပါတယ်။ အိပ်နေချိန်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့အခြေအနေက လူတစ်ယောက်ရဲ့ အိပ်စက်ခြင်း သံသရာကို မှားယွင်းစွာ လည်ပတ်စေနိုင်တယ်။ သွေးတိုးရောဂါ၊ အဝလွန်ရောဂါ၊ နှလုံးသွေးကြောရောဂါရှိသူတွေမှာ ပြဿနာကို ပိုပြီးကြုံတွေ့ရနိုင်တယ်။ အိပ်စက်ချိန်ဆိုတာ လူသားတိုင်းကို အနားပေးဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်။ အသက်ကြီးသူ၊ ကိုယ်တွင်းဟော်မုန်း အချိုးအစား မညီမျှသူတွေမှာ ကောင်းကောင်းမလည်ပတ်နိုင်တော့ဘဲ အိပ်စက်ချိန် ထိခိုက်လာပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ပုံမှန်ဖြစ်စဉ်ရအောင် အိပ်ချိန်မှန်ကန်စွာ လည်ပတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
ခြေထောက်ကြွက်သားများ လှုပ်ခြင်း၊ တောင့်တင်းနေခြင်း ဖြစ်တတ်ပါတယ်။ လူတစ်ယောက်ကသူ့ရဲ့ တစ်နေ့တာအချိန်တွေ ကွန်ပျူတာရှေ့မှာ ထိုင်နေခြင်း၊ တီဗွီရှေ့မှာထိုင်နေခြင်းက ကြွက်သားတွေ လှုပ်သွားတာ ကြွက်သားတွေ ဆုပ်ဆွဲထားသော ဦးနှောက်ကွယ်က စာကြောင်းကို စဉ်းစားမိစေတယ်။ မဂ္ဂနီဆီယမ်ဓာတ် လျော့နည်းနေပြီး ခြေလက်ကြွက်သားသာမက နှလုံးခုန်သံမမှန်တဲ့ ပြဿနာတွေဖြစ်တတ်တယ်။
မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ ရွှေဖရုံစေ့၊ ငှက်ပျောသီး၊ ဗာဒံစေ့တို့ကို အရင်ကထက် ပိုများများ စားပေးတာမျိုး လုပ်နိုင်တယ်။ မဂ္ဂနီဆီယမ်ကို အချိန်တိုအတွင်း မြန်မြန်ဖြည့်စွက်ချင်တယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ကာ အဆိုပါသတ္တုဓာတ်ပါတဲ့ အားဆေးကိုရွေးချယ် သောက်သုံးသင့်ပါတယ်။
ခြေလက်များ ကျဉ်ခြင်းဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ သွားလာလှုပ်ရှားမှုတွေဟာ ပုံမှန်အတိုင်း ဖြစ်နေတယ်။ အိပ်စက်ချိန် ကောင်းကောင်းရနေမယ် ဆိုပေမယ့် ခြေထောက်၊ လက်ချောင်းစတာတွေ ကျန်တာအမြဲလိုလို ခံစားနေရပြီဆိုရင် ဗီတာမင်ဘီတွဲနဲ့ပတ်သက်ပြီး ချို့တဲ့နေမှုတွေရှိပြီလား ဆိုတာ သတိထားသင့်တယ်။ မကုဘဲထားမယ်ဆိုရင် သွေးအားနည်းရောဂါထိ ဦးတည်တတ်တာကြောင့် စနစ်တကျကုသဖို့လိုတယ်။ ကုသမှုမပြုလုပ်ခင် ကိုယ်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ အသား၊ ငါး၊ ကြက်ဥ၊အမျှင်ဓာတ် အချိုးအစား မျှမျှတတရှိရဲ့လားဆိုတာ ပြန်ဆန်းစစ်ဖို့လိုမယ်။ ဗီတာမင်ဘီတွဲဟာ အသားကနေရရှိတာဖြစ်လို့ သက်သတ်လွတ်သမား၊ ဟင်းသီးဟင်းရွက်သာ တစိုက်မတ်မတ် စားသုံးတတ်သူတွေ သတိထားစရာအချက်ဖြစ်တယ်။ အကောင်းဆုံးကဘီတွဲပါတဲ့ ဖြည့်စွက်အားဆေးတွေ စားသုံးသင့်တယ်။
အရေပြားခြောက်သွေ့လွန်ခြင်းဖြစ်တတ်ပါတယ်။
အေးတဲ့ရာသီဥတု၊ အေးတဲ့အရပ်ဒေသမှာ နေတဲ့သူတွေ အတွက် အသားခြောက်တယ်ဆိုတာ မထူးဆန်းပါဘူး။ အရေပြားခြောက်သွေ့တာဟာ ရာသီဥတုနဲ့ဆက်စပ်ပြီးဖြစ်တယ်ဆိုပေမယ့် သူနဲ့အတူ အနီစက်တွေ ပါလာတယ်ဆိုရင် သတိထားဖို့လိုတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့အဆီဓာတ် လျော့နည်းနေရင် နီမြန်းတာတွေပါဖြစ်တတ်တယ်။ အသားအရေနဲ့ ကိုက်ညီတဲ့အစိုဓာတ် ထိန်းညှိပေးတဲ့ စိုထိုင်းဆတွေကို နေ့စဉ်သုံးစွဲတာနဲ့အတူ စားသောက်နေတဲ့ အစားအသောက်ထဲမှာ အဆီဓာတ်ပါအောင် ဂရုစိုက်သင့်တယ်။ ထောပတ်သီး၊ သံလွင်ဆီ၊ နေကြာဆီ၊ အစေ့အဆန်တွေ သင့်တင့်မျှတအောင် စားပေးသင့်တယ်။
ဝက်ခြံဖုများ မကြာခဏထွက်ခြင်း ဖြစ်တတ်တယ်။
ဝက်ခြံထွက်တာ မျိုးရိုး၊ ဟော်မုန်းတို့နဲ့သက်ဆိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ လုပ်ငန်းခွင်၊ စာမေးပွဲကာလစတဲ့ အခြေအနေတွေဟာ ဝက်ခြံအများကြီး ထွက်အောင် ဖိအားပေးနိုင်တယ်။ အိပ်စက်ချိန်နည်းနေသူတွေဟာ ဝက်ခြံတွေ စုပြုံထွက်တတ်တယ်။ အချိုဓာတ်များတဲ့အစာ၊ ကစီဓာတ်များတဲ့အစာ၊ သွေးအတွင်းသကြားဓာတ် မြင့်တက်သွားအောင် လုပ်ပေးနိုင်ပြီးဆဲလ်လေးတွေထဲမှာ ရောင်ရမ်းမှုဖြစ်လာနိုင်စေတယ်။
အဆီထုတ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းကလည်း ဝက်ခြံအများကြီး ထွက်လာတာနဲ့ ဆက်စပ်နေတာကြောင့် သတိထားဖို့လိုအပ်ပါတယ်။
နေ့လယ်နေ့ခင်းအချိန်တွေမှာ ပင်ပန်းနေတတ်ပါတယ်။ ကိုယ်တကယ်တက်ဖို့လိုအပ်တဲ့ အစည်းအဝေးတစ်ခုကို မဖြစ်မနေတက်နေရတဲ့ အချိန်၊ စိတ်မဝင်စားတဲ့ ဘာသာရပ်တစ်ခုကိုသင်ယူဖို့ စာသင်ခန်းတစ်ခုထဲမှာ မဖြစ်မနေရှိနေပေးရတဲ့ အချိန်တွေမှာ ကော်ဖီသောက်ချိန်ရောက်ဖို့၊ အချိန်တွေရေတွက်ရင်း စိတ်မသက်မသာ ခံစားရတာမျိုး လူတိုင်းကြုံဖူးကြမယ်။ နေ့တိုင်းလိုလိုခံစားနေရရင် အခြေအနေ တစ်ရပ်ရပ်ကြောင့် မဟုတ်တော့ဘူး။ သွက်လက်တက်ကြွမှုမရှိတဲ့ စိတ်တွေဟာ ကစီဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားအောင် လှုံ့ဆော်ပေးတယ်။ သွေးအတွင်းသကြားဓာတ်ဟာ ရုတ်တရက်မြင့်တက်သွားပြီး ထိုင်းမှိုင်းမှုတွေ ပိုဖြစ်စေတယ်။ နေ့လယ်နေ့ခင်းစာ စားသောက်တဲ့အခါ ကစီဓာတ်များလွန်းတဲ့ အစာကို ဦးစားပေးစားမယ့်အစား အသားဓာတ်၊ အမျှင်ဓာတ်၊ အဆီတွေညီညီမျှမျှ စားသောက်ပေးသင့်ပါတယ်။
လူသားတို့အထိုင် အလုပ်များလာတာ ကိုဗစ်ကပ်ရောဂါ ကာလတွေမှာ လှုပ်ရှားမှု နည်းပါးလာတယ်။ပိုလျှံတဲ့ကယ်လိုရီတွေ အဆီအဖြစ် စုဆောင်းပေးတယ်။ လူဟာအဝလွန်လာတယ်။ အဝလွန်တာနဲ့ သွေးတိုး၊ နှလုံးသွေးကြော၊ ဆီးချိုသွေးချိုရောဂါများ ဖြစ်လာတယ်။ လူတိုင်းနေ့စဉ်နာရီဝက်မှ တစ်နာရီလမ်းလျှောက်၊ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးတစ်ခုခု ပြုသင့်ပါတယ်။ ပိုလျှံတဲ့ကယ်လိုရီကို ချွေးအဖြစ်စွန့်ထုတ်ပစ်လို့ အဝလွန်ခြင်း၊ အဆီဖုံးခြင်းတို့မှ ရှောင်ရှားနိုင်ရုံမက ဇီဝဖြစ်စဉ်ပုံမှန်ဖြစ်စေတဲ့ အတွက် ဝမ်းမှန်ခြင်း၊ အစားအသောက်ကောင်းခြင်း၊ အိပ်ပျော်ခြင်း၊ စိတ်ဖိစီးမှုလျော့ခြင်း၊ အားအင်ပြည့်ဖြိုးစေဖို့၊ ပုံမှန်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ။
ဒေါက်တာလွင်သန့်