ပေကျင်း၊ ကျန်းမာရေး
တရုတ်အမျိုးသား ဇီဝနည်းပညာအဖွဲ့ဖြစ်သော CNBG ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်ထား သော စမ်းသပ်ဆဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံး နှစ်သိန်းကို နိုဗယ်ကိုရိုနာ ဗိုင်းရပ် စတင်တွေ့ရှိသော ဝူဟန်မြို့သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
CNBG ကုမ္ပဏီကလှူဒါန်းမည့် ကာကွယ်ဆေးအလုံးနှစ်သိန်းသည် လူတစ်သိန်းကို ကာကွယ် ဆေးထိုးရန်လုံလောက်ပြီး အထူးသဖြင့် ကျန်းမာရေး ဝန်ထမ်းများကို ထိုးနှံပေးသွား မည်ဖြစ် ကြောင်း အဆိုပါကုမ္ပဏီက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုကုမ္ပဏီက နောက်ဆုံးအဆင့်လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်နေသည့် ကာကွယ်ဆေး အမျိုး အစားနှစ်မျိုးရှိပြီး ထိုနှစ်မျိုးစလုံးမှာ ကာကွယ်ဆေးအရေးပေါ် အသုံးပြုမှု အစီအစဉ်တွင် ပါဝင်ပြီး ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေး နှစ်မျိုးစလုံးအနေဖြင့် အများပြည်သူအသုံးပြုရန် ယခုနှစ်အတွင်း ခွင့်ပြုချက်ရရှိမည်ဟု မျှော်လင့်ထားကြောင်း ကုမ္ပဏီအကြီး အကဲတစ်ဦးက စက်တင်ဘာ ၂၂ ရက်တွင် ပြောထားသည်။
တရုတ်နိုင်ငံ၌ ဇူလိုင်လတွင် စတင်လုပ်ဆောင်သည့် ကာကွယ်ဆေးအရေးပေါ် အသုံးပြုမှု အစီအစဉ်အရ အလားအလာရှိသည့် စမ်းသပ်ဆဲကာကွယ်ဆေးများကို လူသားများတွင် လက်တွေ့စမ်းသပ်မှုမလုပ်မီ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် မရှိမဖြစ်အရေးကြီးသော အလုပ်သမားများနှင့် ရောဂါကူးစက်လွယ်သူများကို ထိုးနှံပေးထားကြောင်း သိရသည်။
Ref: CAN